Connect with us

Politics, Law & Military

တပ်မတော်သား အမျိုးသား လွှတ်တော် ၊ပြည်သူလွှတ်တော် နှင့် တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၁ ဦး ပြောင်းလဲခန့်အပ်

တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၆ ဦးအား အစားထိုးပြောင်းလဲသည့် ကြေညာချက်အားတွေ့ရစဉ်(MOI)

ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တပ်မတော်သား အမျိုးသား လွှတ်တော် ၊ပြည်သူလွှတ်တော် နှင့် တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်  များမှ တပ်မတော်သား ကိုယ်စားလှယ် စုစုပေါင်း ၁၁ဦး အား အစားထိုးပြောင်းလဲ ခန့်အပ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော သတင်းအရ သိရသည်။

တပ်မတော်သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၄ ဦး၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦးနှင့် တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၆ ဦးအား နိုဝင်ဘာ ၄ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အစားထိုး ပြောင်းလဲခွင့်ပြုလိုက်ကြောင်း သိရသည်။

ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသော တပ်မတော်သားကိုယ်စားလှယ်များအား အမည်စာရင်းပြောင်းလဲလိုကြောင်း ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။(Xinhua)