Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့ အနောက်တောင်ဘက် ကိုဗဟိုပြု၍ ရ (ခ်)တာစကေး (၄.၁) အဆင့်ရှိ ငလျင် လှုပ်ခတ် 

တိုက်ကြီးမြို့အနီး လှုပ်ခတ်သွားခဲ့သော မြေငလျင်၏ အချက်အလက်များအား တွေ့ရစဉ်(ဓာတ်ပုံ - မိုး/ဇလ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ၊ တိုက်ကြီးမြို့အနောက်တောင်ဘက် ၁၃မိုင် အကွာကို  ဗဟိုပြု လျက်ရ(ခ်)တာစကေး (၄.၁) အဆင့်ရှိ မြေငလျင်တစ်ခု ယနေ့ည ပိုင်း  တွင်လှုပ်ခတ်ခဲ့ရာ  ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ အတွင်း နေထိုင်သူများ သိသိသာသာ ခံစား သိရှိခဲ့ရကြောင်း သိရသည်။

တိုက်ကြီးမြို့၏ အနောက်တောင်ဘက် (၁၃) မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၁၇.၁၇) ဒီဂရီ ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၈၃)ဒီဂရီ၊အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုမှာ မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၅၄)မိနစ်၊ (၃၁) စက္ကန့် အချိန်တွင် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

ယင်းမြေငလျင်၏ ဗဟိုချက်မှာ တိုက်ကြီးမြို့အနီး ဖြစ်ပြီး အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့ခြင်းကြောင့် ဇောက်တိမ် မြေငလျင် အမျိုးအစား ဖြစ်ပြီး အနက်တိမ်သည့် အတွက် ရန်ကုန်မြို့၌ နေထိုင်သူများ ပို၍ သတိပြု သိရှိခံစားရခြင်း ဖြစ်ကြောင်း မြေငလျင် ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ မြေငလျင် လှုပ်ခတ်မှုကြောင့်အလုံ ၊ စမ်းချောင်း ၊ တာမွေ ၊ ကျောက်မြောင်း ၊ လှိုင် ၊ ကြည့်မြင့်တိုင် ၊ အင်းစိန် ၊ တောင်ဉက္ကလာပ ၊ မြောက်ဉက္ကလာပ မြို့နယ်တို့ အပါအဝင် ဒလ မြို့နယ်၌ နေထိုင်ကြသူများပင် သိသိသာသာ ခံစားသိရှိခဲ့ကြရကြောင်း  လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြ ရေးသားခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း သိသိသာသာ ခံစားခဲ့ရသည့် မြေငလျင်ကြောင့် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှလည်း ငလျင်၏ နောက်ဆက်တွဲ ဘေးအန္တရာယ် ဖြစ်ပွားလာပါက လျှင်မြန်စွာ တုန့်ပြန် ဆောင်ရွက်နိုင်ရေး အသင့်အနေအထား ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117