Connect with us

Local

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကျင်းပမည်

ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ကျင်းပနိုင်ရေး မြန်မာ့ကျောက်မျက် ရတနာ ပြပွဲဗဟိုကော်မတီ အစည်းအဝေး ကျင်းပစဉ်(MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်မှ ၇ ရက် အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း 

ကျင်းပနိုင်ရေး မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေးထံမှ သိရသည်။

အဆိုပါ ပြပွဲကို နိုင်ငံသား ကျောက်မျက်ရတနာ အချောထည်လုပ်ငန်းရှင်များ ကုန်ကြမ်းပြတ်လပ်မှု မရှိစေရေး၊ အချောထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုဖန်တီးပေးနိုင်ရေးနှင့် ပြည်ပသို့ တရားမဝင် ရောင်းချခြင်းများ တားဆီးနိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ယခုကျင်းပမည့် ရောင်းချပွဲ တွင် နိုင်ငံသားများကိုသာ တက်ရောက်ခွင့်နှင့် ဝယ်ယူခွင့်ပြုမည်ဖြစ်ပါကြောင်း၊ ရောင်းချပွဲ အကြိုကာလမှစ၍ လုံခြုံရေးကောင်းမွန်စေရေး သက်ဆိုင်ရာ လုပ်ငန်းကော်မတီများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန်နှင့် ရောင်းချပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ယခင်ကျင်းပခဲ့သည့် ပြပွဲများ၏ အားသာချက်၊ အားနည်းချက်များအပေါ် ပြန်လည်သုံးသပ်ပြီး ပိုမိုကောင်းမွန်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်သွားကြစေလိုကြောင်း ပြပွဲဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက 

မြန်မာနိုင်ငံအတွင်း ကျောက်မျက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်း များ ပိုမိုပွင့်လင်းလာစေရေးတို့အတွက် ကျောက်မျက်ရတနာထွက်ရှိသည့် ဒေသများနှင့် ကျောက်မျက်ဈေးကွက် ဖြစ်ထွန်းနိုင်သည့် နေရာများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ ကြီးကြပ်မှု၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းနှင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းတို့၏ ဦးဆောင်မှုဖြင့် မြန်မာကျပ်ငွေ ဖြင့် ကျောက်မျက်ရတနာ ရောင်းချပွဲများ ကျင်းပနိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေနှင့်အညီ ခွင့်ပြုပေးလျက်ရှိကြောင်း၊ နိုင်ငံသားလုပ်ငန်းရှင်များ အနေဖြင့် ပြပွဲများတွင် ကျောက်မျက်ရတနာများ တင်ပြရောင်းချပြီး သတ်မှတ်ခွန်အခများ အပြည့်အဝပေးဆောင်ခြင်းဖြင့် နိုင်ငံသား တာဝန်ကျေပွန်သော လုပ်ငန်းရှင်များ ဖြစ်လာစေမည်ဖြစ်ကြောင်း  ၎င်းက ပြောကြားသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117