Connect with us

Local

မြန်မာ့ပုလဲ ပြသရောင်းချပွဲ ( ဒီဇင်ဘာ ၂၀၁၉ ) ကျင်းပ ရောင်းချပွဲ ပထမနေ့တွင် နိုင်ငံပိုင် ပုလဲအတွဲ ၁၀၀ ရောင်းချ နိုင်ခဲ့

မြန်မာ့ပုလဲ ခင်းကျင်းပြသ ရောင်းချနေမှုများကို ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် တာဝန်ရှိသူများ ကြည့်ရှုနေစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ)

မြန်မာ့ပုလဲ ပြသရောင်းချပွဲ (ဒီဇင်ဘာ ၂၀၁၉) Myanmar Pearl Auction ( December – 2019 ) ကို ဒီဇင်ဘာ ၁၁ ရက်တွင် နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာပြတိုက်၌ ကျင်းပရာ ယူရိုငွေ ၅၉၃,၉၉၀ တန်ဖိုးရှိ နိုင်ငံပိုင် မြန်မာ့ ပုလဲ အတွဲ ၁၀၀ တွဲ ရောင်းချခဲ့ရကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

အဆိုပါ ပြပွဲ၌ နိုင်ငံပိုင်ပုလဲအတွဲ ၂၇၀ တွဲ နှင့် မြန်မာအန်ဒါမန်ပါးလ် ကုမ္ပဏီမှ ၈၅ တွဲ၊ ပြည်ဖြိုးထွန်းကုမ္ပဏီမှ ၃၀ တွဲ၊ အဏ္ဏဝါပုလဲကုမ္ပဏီမှ ၃၀ တွဲ စုစုပေါင်း ၄၁၅ တွဲကို ပြသရောင်းချသွားမည်ဖြစ်ပြီး ဒီဇင်ဘာ (၁၁) ရက်တွင် အတွဲအမှတ်(၁)မှ အတွဲအမှတ် (၁၀၀) ထိကိုလည်း ကောင်း၊ ဒီဇင်ဘာ (၁၂)တွင် အတွဲအမှတ်(၁၀၁) မှ (၃၀၅) ထိကိုလည်းကောင်း၊ ဒီဇင်ဘာ (၁၃) ရက်တွင် အတွဲအမှတ် (၃၀၆) မှ အတွဲအမှတ် (၄၁၅) ထိကိုလည်းကောင်း ကြမ်းခင်းဈေး ယူရိုငွေ ၁ ဒသမ ၉၅ သန်းဖြင့် ပြသရောင်းချသွား မည်ဖြစ်သည်။

ပြည်တွင်းပုလဲကုန်သည်များကို ယူရိုငွေနှင့် ညီမျှသည့် မြန်မာကျပ်ငွေဖြင့် ရောင်းချ သွားမည်ဖြစ်ပြီး ပြည်ပ ပုလဲ ကုန်သည် များကို ယူရိုငွေဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ၊ ပုလဲရောင်းချပွဲသို့ တက်ရောက်ဝယ်ယူ ကြမည့် ပြည်တွင်းပုလဲ ကုန်သည် များအနေဖြင့် အာမခံတင်ဒါစပေါ် မြန်မာကျပ်ငွေ နှစ်ဆယ့်ငါးသိန်း ကြိုတင် ပေးသွင်း ကြရမည် ဖြစ်ပြီး ပြည်ပကုန်သည်များ အနေဖြင့် ယူရိုငွေ နှစ်ထောင် ကြိုတင်ပေးသွင်း ကြရမည် ဖြစ်ကြောင်း၊ တင်ဒါအောင်မြင်သူ ပုလဲကုန်သည်များသည် တင်ဒါ အောင်မြင်သော ပုလဲအတွဲတန်ဖိုး၏ ၅ ရာခိုင်နှုန်းကို ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ပေးသွင်းကြရမည်ဖြစ်ကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.