Connect with us

Local

၂၀၂၀ နှစ်ဆန်း ကျောက်မျက်ပွဲမှ ကျပ် ၄၀ ဘီလီယံခန် ့ရောင်းချရမည်ဟု မျှော်မှန်း

ပြည်တွင်း ရတနာ ကုန်သည်များ ကျောက်စိမ်းတွဲများ ကြည့်ရှုနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်န၀ါရီ ၂ ရက်(ဆင်ဟွာ)

ယခုနှစ်ဆန်း ဇန်န၀ါရီ ၂ရက်မှ ၇ ရက် အထိ မြန်မာကျပ်ငွေဖြင့် ရောင်းချမည့် ကျောက်မျက် ရတနာ ရောင်းချပွဲမှ ကျပ် ၄၀ ဘီလီယံ(ကျပ် သန်းလေးသောင်း) ဖိုးခန် ့ ရောင်းချနိုင်မည်ဟု မျှော်မှန်းထားကြောင်း မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက မီဒီယာသို ့ပြောကြားခဲ့သည်။

“ဒီနေ့ပွဲမှာတော့ ကျောက်မျက် ရတနာ အတွဲပေါင်း ၃၆,၀၀ကျော် ခင်းကျင်းထားတဲ့အတွက် အ‌တွဲ အရေအတွက်က ၂၀၁၉ ဇွန်လ ပွဲထက် ပိုများပါတယ်၊ ဒါပေမယ့် အတွဲများပြီး ပိုက်ဆံပိုရမယ်လို့ တွက်လို့မရဘူး၊ ကျောက်အများစုက ခါးပိုင်းကျောက်တွေ များတယ်။နောက်ပြီး အပြင်မှာ ရောင်း မထွက်တဲ့ အောက်ကျောက်တွေကိုလဲ တင်ပြထားတာတွေ့ရတယ်၊ သို့သော်လည်း ရောင်းအားက ကျပ်သန်း လေးသောင်း ဝန်းကျင်လောက် ရောင်းရမယ်လို့ မျှော်လင့်ထားပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ပြည်တွင်း ရတနာ ကုန်သည်များ ကျောက်စိမ်းတွဲများ ကြည့်ရှုနေစဉ် (ဆင်ဟွာ)

၂၀၁၉ ဇွန်လ၌ပြုလုပ်ခဲ့သည့်  မြန်မာကျပ်ဖြင့် ရောင်းခဲ့သော ပွဲတွင် ရတနာအတွဲပေါင်း ၃,၁၀၀ ကျော် ခင်းကျင်းခဲ့ပြီး ကျပ်သန်း ငါးသောင်းကျော်ဖိုး ရောင်းခဲ့ရကြောင်း၊ ငွေလာသွင်းသည့်ပမာဏမှာ ကျပ် သန်း ၄၈,၀၀၀ ကျော် ရှိကြောင်း၊ ယခု ၂၀၂၀ အတွင်း ကျပ်‌ငွေဖြင့် အရောင်း နှစ်ပွဲ၊ ယူရိုငွေဖြင့် အရောင်း နှစ်ပွဲ ကျင်းပရန် လျာထားကြောင်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင်လည်း မြန်မာ ကျပ်ဖြင့် ရောင်းချပွဲများ လုပ်နေကြောင်း၊ အမှန်တကယ်ရောင်းရသော ဈေးနှင့် အမှန်တကယ်ငွေချေ သည့် အပေါ်တွင် အခွန်အခအတိအကျ ရရန်အဓိက အရေးကြီးကြောင်း၊ ထိုသို ့ ရသင့်သည်များ ရရှိစေရန် ဒုတိယ ၀န်ကြီး ပါ၀င်သည့် ဗဟိုကော်မတီဖွဲ ့ပြီး တိုင်းဒေသကြီး ပြည်နယ်များတွင် ကြီးကြပ်ရေးကော်မတီများ ဆက်လက်ဖွဲ ့စည်း ကာ ဥပဒေ နည်းဥပဒေများနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဦးဆောင်ညွှန်ကြားရေးမှူးက ပြောခဲ့သည်။

ပြည်တွင်း ရတနာ ကုန်သည်များ ကျောက်စိမ်းတွဲများ ကြည့်ရှုနေစဉ် (ဆင်ဟွာ)

ပြည်တွင်း ရတနာ ကုန်သည်များ ကျောက်စိမ်းတွဲများ ကြည့်ရှုနေစဉ် (ဆင်ဟွာ)

ယခုပြပွဲ၌ ကျောက်စိမ်းတွဲ ၃,၆၉၅ တွဲ နှင့် ကျောက်မျက်တွဲ ၂၈၆ တွဲ ခင်းကျင်းပြသ ထားပြီး ကျောက်စိမ်းတွဲများအနက် ကြမ်းခင်းဈေး အမြင့်ဆုံးမှာ ကျပ်သိန်း တစ်ထောင်၊ ကျောက်မျက် ထဲတွင် ကြမ်းခင်းဈေး အမြင့်ဆုံး သိန်း ၁,၈၀၀ ဖြင့် တင်ပြထားကြောင်း၊ ယခုပွဲအတွက် မှတ်ပုံတင်ထားသည့် ရတနာကုန်သည် အရေအတွက်မှာ ယနေ့အထိ ၁,၆၃၄ ဦး ရှိကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးသက်ခိုင်က ဖြေကြားခဲ့သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117