Connect with us

Politics, Law & Military

၂၀၁၉ခုနှစ် အတွင်း မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် လူ ၂၀၀ကျော် ထိခိုက်ဒဏ်ရာရရှိကာ ၅၇ ဦးသေဆုံး

မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့၏ (၂၃)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကျင်းပစဉ်(ဓါတ်ပုံ -MOI)

နေပြည်တော် ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားသော ဒေသများ၌ ၂၀၁၉ ခုနှစ် အတွင်း မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် လူ ၂၀၀ကျော် ထိခိုက်ဒဏ်ရာရရှိကာ ၅၇ ဦးသေဆုံးခဲ့ကြောင်း ဇန်နဝါရီ ၂၃ ရက်တွင်ပြုလုပ်သောမိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့၏ (၂၃)ကြိမ်မြောက် ပုံမှန် ညှိနှိုင်းအစည်းအဝေးထံမှ သိရသည်။

လက်ရှိတွင် အမျိုးသားအဆင့် မိုင်းကင်းစင်ရေး အာဏာပိုင်အဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် မိုင်းကြောင့် ထိခိုက်ခံစား ရသူများအား ကူညီထောက်ပံ့ခြင်းနှင့် လူမှုဘဝပြန်လည်ဝင်ဆံ့နိုင်ရေး အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ (၅၅၉)ဦး   အတွက်တစ်ဦး လျှင်ထောက် ပံ့ကြေးငွေ ကျပ် (၂)သိန်းနှုန်းဖြင့် စုစုပေါင်း (၁၁၁၈)သိန်းတိတိကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ဒေသခံပြည်သူများ အနေဖြင့် ဒေသလုပ်မြေမြှပ်မိုင်းများ၊ တိုက်ပွဲဖြစ်ပွားပြီးကျန်နေခဲ့သည့် ပေါက်ကွဲစေတတ်သည့်စစ်ကျန် ပစ္စည်း များ၏အန္တရာယ်ခံစားနေရသည့် ပြည်သူများအတွက် ၂၀၁၂ ခုနှစ်မှစ၍ မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီး ဌာန(၁၁)ခု၊ နိုင်ငံတကာအဖွဲ့အစည်း (၄၀)ခန့်တို့နှင့် ပူးပေါင်းပြီးစတင် လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117