Connect with us

Politics, Law & Military

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းစွာကျင်းပနိုင်ရေး ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီအဆင့်ဆင့်ဖွဲ့စည်း ဆောင်ရွက်မည်

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်တစ်ဦး ဆန္ဒမဲပေးနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာကျင်းပနိုင်ရန် စေ့စပ်ညှိနှိုင်းရေးကော်မတီ နှင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်း ဆောင်ရွက်သွားမည်    ဖြစ်ကြောင်း  ဇန်နဝါရီ ၂၃ ရက်က ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်၂၀၂ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

သတင်းမီဒီယာသမားများအတွက်လည်း ရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်နှင့် ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ ရဲဝန်ထမ်း ကျင့်ဝတ်များကိုလည်း ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။၂၀၂၀ ပြည့်နှစ်   အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည် လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ်တစ်ထပ်တည်း ဖြစ်စေရေးဆိုသည့် စံ (၅) ချက်နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း   သိရသည်။မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများအားလုံး မဲပေးခွင့်မဆုံးရှုံး စေရေးအတွက်ကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်   အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုပြီးဖြစ်ကြောင်း ကော်မရှင် ဥက္ကဌက ဆိုသည်။၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် သက်ဆိုင်ရာလွှတ်တော် အလိုက်   မဲဆန္ဒနယ်များ   ကြိုတင်သတ်မှတ်နိုင်ရေး နှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် သတ်မှတ်ရန်အတွက် နိုင်ငံတော် လူဦးရေ၏ ၀ ဒသမ ၁ ရာခိုင်နှုန်းနှင့်အထက်ရှိသည့်   တိုင်းရင်းသားလူမျိုး စာရင်းရရှိရန်   ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117