Connect with us

Education & Health

ရန်ကုန်လေဆိပ်၌ ထပ်မံစစ်ဆေးတွေ့ရှိသည့် လေကြောင်းခရီးသည်တစ်ဦးအား WHO ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သတ်မှတ်ချက် နှင့် ကိုက်ညီမှုမရှိသော်လည်းဆက်လက်စောင့်ကြည့်လျက်ရှိ 

ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည့် ခရီးသည်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုး (Guangzhou) လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ နံနက် (၁၀:၄၅)နာရီ အချိန်ခန့်တွင် ရောက်ရှိလာသည့် တရုတ်နိုင်ငံသားခရီးသည် တစ်ဦး သည် လေဆိပ်သို့ဝင်လာချိန်၌ ကိုယ်ခန္ဓာအပူချိန်တိုင်းတာစက် (Thermal Scanner) ဖြင့် တိုင်းတာချက်အရ ကိုယ်အပူချိန်အနည်းငယ်မြင့်မားနေသည့်အတွက် ၎င်းအား (၁၅) မိနစ်လျှင် တစ်ကြိမ်နှုန်းဖြင့် (၃) ကြိမ်တိုင် ကိုယ်ခန္ဓာအပူချိန်အား တိုင်းတာခဲ့ရာ ကိုယ်အပူချိန်သည် ပုံမှန်ပင်ဖြစ်ပြီးကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO) ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သတ်မှတ်ချက် နှင့် ကိုက်ညီမှုမရှိသော်လည်းဆက်လက်စောင့်ကြည့်လျက်ရှိ ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန  ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

အဆိုပါခရီးသည်အား အသေးစိတ်ထပ်မံစစ်ဆေးကြည့်ရာတွင်လည်း ချောင်းဆိုးခြင်း၊ နှာစေးခြင်း စသည့် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများအပါအဝင် အခြား သံသယဖြစ်ဖွယ် လက္ခဏာ တစ်စုံတစ်ရာ မတွေ့ရှိခဲ့ရကြောင်း သိရသည်။ 

သို့ဖြစ်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ထုတ်ပြန်ထားသော ရောဂါအဓိပ္ပါယ်သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိကြောင်း သို့သော် ပိုမိုသေချာမှုရှိစေရေးအတွက် ကူးစက်ရောဂါပါမောက္ခများ၊ ကူးစက်ရောဂါဗေဒပညာရှင်များနှင့် တိုင်ပင်၍ အဆိုပါခရီးသည် နေထိုင်ရာနေရာတွင် သီးသန့်ထားရှိပြီး ပြင်ပသို့ ထွက်ခွာစေခြင်းမရှိဘဲ ၎င်း၏ အခြေအနေကို စနစ်တကျ ဆက်လက် စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးသည်သည် China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055 ဖြင့် လိုက်ပါလာသည့် မြန်မာနိုင်ငံတွင် အလုပ်လုပ်နေသူ တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အသက် (၄၂) နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117