Connect with us

Asia

မလေးရှားနိုင်ငံဝန်ကြီးချုပ်သစ် မူရီဒင်ယာစင် ကျမ်းသစ္စာကျိန်ဆို

မလေးရှားနိုင်ငံဝန်ကြီးချုပ်သစ် မူရီဒင်ယာစင် အားတွေ့ရစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ ၊ မတ် ၁ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံဝန်ကြီးချုပ်သစ်အဖြစ် ယခင်ဒုတိယဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည့် မူရီဒင်ယာစင် (Muhyiddin Yassin)က ယနေ့မတ် ၁ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ထိုစဉ်မှစတင်ကာ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၉၄ နှစ်အရွယ် မဟာသီယာမိုဟာမက်သည် ဝန်ကြီးချုပ်အဖြစ်မှ ရုတ်တရက် ရာထူးမှနုတ်ထွက်သွားပြီးနောက်တွင် မူရီဒင်သည် မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။ 

မလေးရှားဘုရင့်နန်းတော်၌ ကျင်းပသည့် ကျမ်းကျိန်ပွဲတွင် မလေးရိုးရာဝတ်စုံကို ဝတ်ဆင်ထားသော မူရီဒင်က မလေးရှားဘုရင်မင်းမြတ် ဆူလ်တန်အဗ်ဒူလာဆူလ်တန်အာမက်ရှဒ်ရှေ့တော်မှောက်တွင် နိုင်ငံနှင့်လူမျိုး အကျိုးကိုသယ်ပိုးထမ်းရွက်သွားမည်ဟု ကတိသစ္စာပြုခဲ့ကြောင်းကို ရုပ်သံသတင်းက တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။

အဆိုပါကျမ်းသစ္စာကျိန်ဆိုပွဲသို့ မူရီဒင်၏ နိုင်ငံရေးမဟာမိတ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ အသက် ၇၂ နှစ်အရွယ်ရှိ မူရီဒင်သည် ၂၀၀၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဝန်ကြီးချုပ်ဟောင်း နာဂျစ်လက်အောက်တွင် ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည်နောက်ပိုင်းတွင် မဟာသီယာနှင့်အတူ မလေးရှား(PPBM) ပါတီကို ပူးတွဲတည်ထောင်ခဲ့ပြီး ယင်းပါတီတွင် ဥက္ကဋ္ဌ နှင့် ၂၀၁၈ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရန် ပါကတန်ဟာရာပန်(PH) ပါတီ နှင့် ညွန့်ပေါင်းမဟာမိတ်ဖွဲ့ခဲ့ကြောင်း သိရသည်။

၎င်းသည် ဝန်ကြီးချုပ်မဟာသီယာဦးဆောင်သောအစိုးရအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117