Connect with us

Business

ရန်ကုန်စတော့အိတ်ချိန်းတွင် မတ်၂၆ ရက် မှ စ၍ တစ်ရက်လျှင် စတော့ အရောင်းအဝယ် ခုနစ်ကြိမ်စတင်ဆောင်ရွက် ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

ရန်ကုန်စတော့အိတ်ချိန်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) 

ရန်ကုန်စတော့အိတ်ချိန်းတွင် မတ်၂၆ ရက် မှ စ၍ တစ်ရက်လျှင် စတော့ အရောင်းအဝယ် ခုနစ်ကြိမ် စတင်ဆောင်ရွက် ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ တာဝန်ရှိသူတစ်ဦးက မတ် ၁၁ ရက်တွင် ဆင်ဟွာကိုပြောသည်။

ရန်ကုန်စတော့အိတ်ချိန်း အနေဖြင့် တစ်ရက်လျှင် စတော့ အရောင်းအဝယ် ခုနစ်ကြိမ်အဖြစ် စတင်ဆောင်ရွက် ရန် လုပ်ငန်းစည်းမျဉ်းပြင်ဆင် ချက်အား မြန်မာနိုင်ငံငွေချေး သက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ထံသို့ ပေးပို့ကာ အတည်ပြုချက် ရယူထားကြောင်း သိရသည်။၎င်းတာဝန်ရှိသူက “ကော်မရှင်က အတည်ပြုရင် မတ်လ ၂၆ ရက် ကစပြီး စတော့ အရောင်းအဝယ် ကို အကြိမ်ရေတိုးမြှင့်ဆောင်ရွက်မှာပါ။ အကြိမ်ရေတိုးရတာက ရောင်းဝယ်ရေး ပိုမိုသွက်လက်ဖို့ဆိုတဲ့ ရည်ရွယ်ချက် နဲ့ အကြိမ်ရေတိုးတာပါ။ ကျွန်တော်တို့ က ဈေးကွက်ကို ပိုပြီး သွက်စေချင်တာပေါ့လေ။ လက်တွေ့မှာတော့ မြန်မာနိုင်ငံမှာ စတော့ကိုဝင်ရောက်ရောင်းဝယ်တဲ့သူ ရေအတွက်က နည်းသေးတယ်။ ကျွန်တော်တို့ အနေနဲ့ ပိုမိုဖြစ်မြောက်အောင်ဆောင်ရွက်ပေးတာပေါ့။ အကြိမ်ရေတိုးတော့ စတော့ကစားသူအနေနဲ့ ရွေးချယ်စရာ အခွင့်အရေး ပိုများလာပြီး စိတ်ဝင်စားမှုလည်း ပိုမြင့်တက်လာမယ်လို့ ထင်ပါတယ်။’’ ဟု ပြောသည်။ အရောင်းအဝယ်ပြုလုပ်နေကြအချိန် ဖြစ်သည့် နံနက် ၁၀ နာရီ၊ နံနက် ၁၁ နာရီ၊ မွန်းတည့် ၁၂ နာရီ၊ မွန်းလွဲ ၁ နာရီတို့၌ သာမက နံနက် ၁၀ နာရီခွဲ၊ နံနက် ၁၁ နာရီခွဲ၊ မွန်းလွဲ ၁၂ နာရီခွဲတို့၌ပါ တစ်ရက်လျှင် စတော့ အရောင်းအဝယ် ခုနစ်ကြိမ်အဖြစ် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117