Connect with us

Politics, Law & Military

နယ်စပ်စစ်ဆေးရေးဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်ခွင့် ယာယီ ပိတ်ပင်

ရန်ကုန်မြို့ရှိ အဆောက်အအုံ တစ်ခု၌ ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးမှု ပြုလုပ်နေသည်ကို မတ် ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁၉ ရက်(ဆင်ဟွာ)

COVID-19 ရောဂါ ပြည်ပမှ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မည့်သည့် နိုင်ငံခြားသားကို မဆို မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား ဖွင့်လှစ်ထားသည့် နယ်စပ်စစ်ဆေးရေးဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်ခွင့်ကို ယနေ့ မတ် ၁၉  ရက်မှစတင်၍ ယာယီ ပိတ်ပင်တားမြစ်လိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာရရှိထားသည့် နိုင်ငံခြားသားများအနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှသာ တည်ဆဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ဝင်ရောက်ခွင့် ၊ ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

နှစ်ဖက်ဒေသခံ ပြည်သူများ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်(Border Pass)ဖြင့် ဝင်ရောက်ခွင့်ကိုမူ ပိတ်ပင်ခြင်း ရှိမည် မဟုတ်ဘဲ ဝင်ရောက်လာသူများအား ကိုယ်အပူချိန်တိုင်းတာမှုများ ၊ ကျန်းမာရေးစိစစ်မှုများကိုသာ တင်းကြပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117