Connect with us

Europe

COVID-19 ရောဂါပိုးကူးစက်ခံထားရသော ဆရာဝန်တစ်ဦးနှင့် တွေ့ဆုံခဲ့ပြီးနောက် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် မာကဲ တစ်ကိုယ်ရေသီးခြားနေထိုင်လျက်ရှိ

ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာမာကဲအား တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာမာကဲသည် COVID-19 ရောဂါပိုးကူးစက်ခံထားရသော ဆရာဝန်တစ်ဦးနှင့် မတ် ၂၀ ရက်က တွေ့ဆုံခဲ့ပြီးနောက် ၎င်းကိုယ်တိုင် တစ်ကိုယ်ရေသီးခြားနေထိုင်လျက်ရှိကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် စတက်ဖန် စိုင်းဘတ် (Steffen Seibert) က မတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။

၎င်းအား နူမိုကာကယ်ကာကွယ်ဆေးထိုး (Pneumococcal vaccination) ပေးခဲ့သော ဆရာဝန်တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ရောဂါတွေ့ရှိခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုအပြီးတွင် မာကဲက သိရှိခဲ့ရခြင်းဖြစ်သည်။မာကဲသည် ချက်ချင်းပင် နေအိမ်၌ တစ်ကိုယ်ရေသီးခြားနေထိုင်ရန်နှင့် လာမည့်ရက်များတွင် ရောဂါစမ်းသပ်မှုများ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း စိုင်းဘတ်က ဆိုသည်။

“ဝန်ကြီးချုပ်က နေအိမ်မှာပဲ သီးခြားနေထိုင်ရင်းနဲ့ လုပ်ငန်းတွေ လုပ်ဆောင်သွားမှာဖြစ်တယ်” ဟု စိုင်းဘတ်က ပြောခဲ့သည်။မာကဲသည် မတ် ၂၂ ရက်က ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုအတွက် တင်းကြပ်သော ကန့်သတ်ချက်များ အလေးထားဆောင်ရွက်ရန် ပြည်နယ်ဝန်ကြီးများနှင့် ဖုန်းမှတစ်ဆင့် အစည်းအဝေးပြုလုပ်ပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဂျာမနီနိုင်ငံတွင် လူ နှစ်ယောက်ထက်ပို၍ စုဝေးခြင်းမပြုရန် တားမြစ်ထားသော်လည်း ဆွေမျိုးမိသားစုများ ၎င်းတို့၏ နေအိမ်များ၌ နေထိုင်ခြင်းကိုမူ အဆိုပါ တားမြစ်မှုမှ ကင်းလွတ်ခွင့်ရမည်ဖြစ်ကြောင်း မာကဲက ဆိုသည်။Deutsche Presse Agentur သတင်းဌာန၏ ဖော်ပြချက်အရ ဂျာမနီနိုင်ငံတွင် COVID-19 ဖြစ်ပွားသူ ၂၄,၁၀၀ ရှိပြီး မတ်လ ၂၂ ရက်အထိ သေဆုံးသူ ၉၀ ဦးရှိပြီဖြစ်ကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117