Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အာဖရိကအတွက် ကြွေးမြီများလျှာ်ပေးခြင်းနှင့် ဆိုင်းငံ့ပေးခြင်းများတွင် နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှုများ ပိုမိုလုပ်ဆောင်ကြရန် တိုက်တွန်း

ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်သည့် COVID-19 ရောဂါတိုက်ဖျက်ရေး စည်းလုံးညီညွတ်မှုဆိုင်ရာ တရုတ်-အာဖရိက အထူးထပ်သီးအစည်းအဝေးတွင် သဘာပတိအဖြစ်ဆောင်ရွက်နေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံသည် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အထူးသဖြင့် ဖွံ့ဖြိုးပြီးနှင့် နိုင်ငံစုံပါဝင်သော ငွေကြေးအဖွဲ့အစည်းများအနေဖြင့်အာဖရိကအတွက် ကြွေးမြီများလျှော်ပေးခြင်းနှင့် ဆိုင်းငံ့ခြင်းများ၌ အင်တိုက်အားတိုက် ပိုမိုလုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဇွန် ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ရှီသည် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်သည့် COVID-19 ရောဂါတိုက်ဖျက်ရေး စည်းလုံးညီညွတ်မှုဆိုင်ရာ တရုတ်-အာဖရိက အထူးထပ်သီးအစည်းအဝေး၌ မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဖိုရမ်၏ မူဘောင်အတွင်း တရုတ်နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်တွင် သက်တမ်းစေ့မည့် အစိုးရ အတိုးမဲ့ ချေးငွေများပုံစံနှင့် ဆက်စပ်သော အာဖရိကနိုင်ငံများ၏ ကြွေးမြီများကို လျှော်ပစ်ပေးသွားမည်ဟု သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့ကြောင်း သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117