Connect with us

Local

ဇွန်လတွင်ထီလက်မှတ်များအားလုံးရောင်းကုန်ခဲ့ပြီး ဘဏ္ဍာရသိမ်းငွေမှ ကျပ်သန်း၂၅၀ ကို ထပ်တိုးဆုအဖြစ် ချီးမြှင့်မည် 

ထီထိုးနေသူတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) 

၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ထီလက်မှတ်များအား “က’’ အက္ခရာ မှ “ကစ” အက္ခရာ အထိ စုစုပေါင်း အက္ခရာ ၃၉ လုံးရောင်းချခဲ့ပြီး အကုန်ရောင်းကုန်ခဲ့ကြောင်း၊ ထို့ပြင် သတ်မှတ်ကာလတွင်လာရောက်ထုတ်ယူခြင်းမရှိသော ဘဏ္ဍာရသိမ်းငွေမှ ကျန်းသန်း၂၅၀ ကို ဇူလိုင်လ ၁ ရက် တွင်ကျင်းပမည့် ၁၇ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေထီသိန်းဆုဖွင့်ပွဲတွင် ထပ်တိုးချီးမြှင့်သွားမည်ဖြစ်ကြောင်း စီမံကိန်း၊ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် က ယနေ့ ဇွန် ၂၆ ရက်တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ဦးမင်းထွဋ် က “COVID-19 ကာလ မှာ လူတွေ အိမ်ပြင်မထွက်ကြတဲ့အချိန် ထီလက်မှတ်တွေ အများကြီးရောင်းမကုန်ဖြစ်ခဲ့တယ်။အခုဇွန်လ မှာတော့ ထီလက်မှတ် အကုန်ရောင်းကုန်ခဲ့လို့ ထီလက်မှတ်ရောင်းအားက ပုံမှန်ပြန်ဖြစ်သွားပါပြီ။ လာမထုတ်တဲ့ ဘဏ္ဍာသိမ်းရငွေ က ကျပ် ၁ ဘီလီယံ ရှိတယ်။ အဲ့ဒီ့ထဲ က ကျပ်သန်း ၂၅၀ ကို ထပ်တိုးဆုမဲအဖြစ် ဇူလိုင် ၁ ရက် နေ့ ဆုမဲတွေ မှာချီးမြှင့်သွားမှာပါ’’ ဟုပြောသည်။

၂၀၂၀ပြည့်နှစ် မေလတွင် ရောင်းမကုန်သည့် အောင်ဘာလေထီလက်မှတ် ၆ သိန်းကျော် ရှိခဲ့ပြီး ဧပြီလတွင်ရောင်းမကုန်သည့် ထီလက်မှတ် ၁ ဒသမ ၈ သန်းကျော်ရှိခဲ့ကြောင်း သိရသည်။ 

၁၇ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက်  ရောင်းချရသည့် အက္ခရာ ၃၉ လုံးဖြစ်၍ ထီစာအုပ် ၃,၁၉၀,၉၀၂ အုပ်ဖြစ်ပြီး ထီလက်မှတ်စောင်ရေ ၃၅,၀၉၉,၉၂၂ စောင်ရှိကြောင်း သိရသည်။ ထီလက်မှတ်ရောင်းရငွေမှာ ကျပ်သန်းပေါင်း ၃၁၉၀၉ ဒသမ ၀၂၀ ဖြစ်ကြောင်း၊ ၎င်းရောင်းရငွေထဲမှ ၆၀ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်မည့် ဆုငွေမှာ ၁၉၁၄၅ ဒသမ ၄၁၂ ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အထူးဆုကြီးအနေဖြင့် ကျပ်သိန်း တစ်သောင်းခွဲ (၁)ဆု ၊ ကျပ်သိန်း တစ်သောင်း (၁)ဆု၊ ကျပ်သိန်း ငါးထောင် (၂)ဆု၊  ကျပ်သိန်း နှစ်ထောင် (၅)ဆု ၊ ကျပ်သိန်း တစ်ထောင် (၇)ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ဆုတစ်ဆုချင်းစနစ်အနေဖြင့် ကျပ်သိန်းငါးရာ (၁၈)ဆု၊ ကျပ်သိန်းနှစ်ရာ (၂၁)ဆု၊ ကျပ်သိန်း တစ်ရာ (၂၆)ဆု၊ ကျပ်သိန်း ၅၀ (၂၆)ဆု၊ ကျပ်သိန်းနှစ်ဆယ် (၂၉)ဆု၊ ကျပ်ဆယ်သိန်း (၃၂)ဆု၊ ဝေဝေဆာဆာ ပဒေသာဆုမဲစနစ် တွင် ကျပ်သုံးသိန်း (၁၅၀)ဆု၊ ကျပ်နှစ်သိန်း (၁၅၀၀)ဆု၊ ကျပ်တစ်သိန်း (၁၈,၀၀၀)ဆုနှင့် ကျပ်ငါးသောင်း (၂၀၀,၀၀၀) ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင်ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ မှ တစ်ဆုချင်းဆုမဲ ကျပ် ဆယ်သိန်း (၄)ဆု နှင့် ဝေဝေဆာဆာဆုမဲများ ဖြစ်သည့် ကျပ်သုံးသိန်း (၂၀)ဆု၊ ကျပ်နှစ်သိန်း (၂၀၀)ဆု၊  ကျပ်တစ်သိန်း (၂၀၀၀)ဆု၊ စုစုပေါင်း ၂၂၂၄ ဆု ကိုထပ်မံချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.