Connect with us

Science & Technology

ဆင်းရဲနွမ်းပါးမှုမြင့်မားသော ဒေသများတွင် လျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်ခြင်း သုံးနှစ်စီမံကိန်း ပြီးစီး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Tingri နယ်မြေရှိ Xigaze လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီမှ နည်းပညာရှင်တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဓာတ်အားလိုင်းကော်ပိုရေးရှင်းက ဆင်းရဲနွမ်းပါးမှုမြင့်မားသော ဒေသများတွင်  လျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းမှာ ပြီးစီးသွားပြီဖြစ်ကြောင်း ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။ 

အဆိုပါ အစီအစဉ်သည် ပြည်နယ်အဆင့် ဒေသ ၅ ခုဖြစ်သော စီချွမ်း၊ ကန်းစု၊ ချင်းဟိုင်၊ ရှင်းကျန်းနှင့် တိဘက်ရှိ  ဆင်းရဲသောနယ်မြေ ၁၉၈ ခုရှိ ဒေသခံ ၁၇.၇၇ သန်းအတွက် လျှပ်စစ်ဓာတ်အားဝန်ဆောင်မှုများ မြှင့်တင်ပေးခဲ့ကြောင်း ကုမ္ပဏီက ဆိုသည်။ 

၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ယင်းဒေသများ၌ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် ၃၀.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၃၁ ဘီလီယံ) ဖြင့် စီမံကိန်းပေါင်း ၇,၉၅၇ ခု ပြီးစီးခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဆင်းရဲသောဒေသများရှိ လယ်သမားများနှင့် တိရစ္ဆာန်ထိန်းကျောင်းသူများအား စီမံကိန်းများ တည်ဆောက်ရေးတွင် ပါဝင်ရန် ဦးစားပေးခဲ့ပြီး အလုပ်အကိုင်အသစ် ၃၄,၀၀၀ ဖန်တီးပေးခဲ့ကာ ဆောက်လုပ်ရေးနှင့် ပစ္စည်းကိရိယာထုတ်လုပ်ရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု ယွမ် ၂၂၃ ဘီလီယံ ဆွဲဆောင်နိုင်ခဲ့ကြောင်း ကုမ္ပဏီက ပြောခဲ့သည်။ 

၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံက နိုင်ငံအတွင်းရှိ ဆင်းရဲနွမ်းပါးမှု မြင့်မားသောဒေသများတွင် လျှပ်စစ်ဓာတ်အားလိုင်းများ အဆင့်မြှင့်တင်ရန် သုံးနှစ်စီမံကိန်းကို စတင်ခဲ့ပြီး ယင်းလုပ်ငန်းများအားလုံး ဇွန်လကုန်ပိုင်းတွင် ပြီးစီးခဲ့ကြောင်း အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုဦးစီးဌာန ပြောကြားချက်အရ သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117