Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း၃၅,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ--CCDAC Myanmar)

ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၃၅,၃၅၀ တန်ဖိုးရှိ ဘိန်းဖြူများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar) က ဇူလိုင် ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။ 

ဖြစ်စဉ်မှာ ဇူလိုင် ၁၆ ရက် ၀၉း၃၀ နာရီအချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ ပြင်စာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပြင်ဦးလွင်-မန္တလေး အဆင်းကားလမ်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ယာဉ်မောင်းအားမတွေ့ရှိဘဲ SURF အမျိုးအစား မော်တော်ယာဉ်အား ရှေ့ဝဲဘက်ဘီးပြုတ်၊ ရှေ့လေကာမှန်ကွဲ ပျက်စီးနေပြီး ယာဉ်ပေါ်တွင် မသင်္ကာဖွယ်ဆာလာအိတ်များ တွေ့ရှိသဖြင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပူးပေါင်းစစ်ဆေးရာ ဆာလာအိတ်များအတွင်းမှ ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဒေသကာလပေါက်ဈေးငွေကျပ်သိန်း ၂၅,၁၉၀  တန်ဖိုးရှိသော ဘိန်းဖြူအလေးချိန် ၂.၅၁၉ ကီလိုနှင့် ပလတ်စတစ်အိတ် များဖြင့်ထည့်ထားသည့် ဒေသကာလပေါက်ဈေး ငွေကျပ်သိန်း ၁၀,၁၆၀တန်ဖိုးရှိသော  စိတ်ကြွရူးသွပ်ဆေးပြား ၅၀၈,၀၀၀ ပြားတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

၎င်းဖြစ်စဉ်ကို ပြင်စာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua) 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117