Connect with us

Agriculture

စိုက်/မွေး/ဆည် ဝန်ကြီးဌာန၏ ဆောင်ရွက်ဆဲ စီမံကိန်း ၂၉ ခုအနက် ၁၄ ခု ပြီးစီးဟုဆို 

စပါးစိုက်ပျိုးနေသော လယ်သမားများအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အနေဖြင့် ဒုတိယ အကြိမ် လွှတ်တော် သက်တမ်း ကာလ အတွင်း စီမံကိန်း ၂၉  ခုတို့ကို နိုင်ငံခြား ချေးငွေ အမေရိကန် ဒေါ်လာ ၂ ဘီလီယံ ကျော်ဖြင့် ဆောင်ရွက်လျက်ရှိရာ စီမံကိန်း ၁၄ ခုတို့ကို အမေရိကန် ဒေါ်လာ ၂၆၆ ဒသမ ၉၁ သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ၎င်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်က ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“လက်ရှိ အစီမံကိန်း ၂၉ ခုအနက်မှာ သမဝါယမ ကဏ္ဍမှ စီမံကိန်း တစ်ခု၊ စိုက်ပျိုးရေး ကဏ္ဍမှ ၁၁ ခု၊ မွေးရေ / ကျေးလက်ကဏ္ဍမှ နှစ်ခု စုစုပေါင်း စီမံကိန်း ၁၄ ခုအတွက် ပြည်ပ ချေးငွေ အမေရိကန် ဒေါ်လာ ၂၆၆ ဒသမ ၉၁ သန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပါတယ်” ဟု ၎င်းက ဖြေကြား ခဲ့သည်။

ဆောင်ရွက်ဆဲ လုပ်ငန်းများအနေဖြင့် သမဝါယမ စီမံကိန်း သုံးခု၊ စိုက်ပျိုးရေး ကဏ္ဍမှ စီမံကိန်း ခုနစ်ခု၊ မွေးရေ / ကျေးလက်ကဏ္ဍမှ စီမံကိန်း ငါးခု၊ စုစုပေါင်း ၁၅ ခု ရှိကြောင်း၊ ယင်းစီမံကိန်းများ အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၂၂ ဘီလီယံကျော်ဖြင့် လုပ်ငန်းများ ဆောင်ရွက် လျက် ရှိကြောင်း၊ စိုက်ပျိုးရေး စီမံကိန်းများ အတွက် ချေးငွေများကို တရုတ်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် စိုက်ပျိုးရေး ဖွံ့ဖြိုးမှု ဆိုင်ရာအဖွဲ့အစည်း သုံးခုတို့မှ ချေးယူ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း နှင့် ချေးငွေ စီမံကိန်းများကို ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ၏ အကြံပြု သုံးသပ်ချက်များနှင့် အညီ အလေးအနက်ထား လိုက်နာ ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်းလည်း ဒုတိယ ဝန်ကြီးက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117