Connect with us

Social

၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း  ပြည်ပသို့ တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၂၀ နှင့် ပြည်တွင်းအလုပ်နေရာ ၂၁,၀၀၀ ကျော်အား ခန့်ထားနိုင်ခဲ့ကြောင်းဆို 

မြန်မာအလုပ်သမားများလုပ်ငန်းခွင်အတွင်းအလုပ်လုပ်ကိုင်နေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း  ပြည်ပသို့ တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၂၀ နှင့် ပြည်တွင်းအလုပ်နေရာ ၂၁,၀၀၀ ကျော်အား ခန့်ထားနိုင်ခဲ့ကြောင်း အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင် က ဆင်ဟွာသို့ သြဂုတ် ၁၅ ရက် တွင်ပြောသည်။

“ကျွန်တော်တို့အနေနဲ့ အခုလို COVID-19 ရောဂါဖြစ်ပွားနေတဲ့ကာလ မှာလည်း အလုပ်အကိုင်အခွင့်အလမ်း တွေ ရရှိဖို့ အတွက်စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ပြည်ပကို တရားဝင်စေလွှတ်ခြင်းနဲ့ ပြည်တွင်းအလုပ်အကိုင်ရှာဖွေပေးခြင်းကိုလည်း ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့ အမြဲကြိုးစားနေပါတယ်’’ ဟု ၎င်းကပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများ၌   Labor Exchange Management System ဖြင့် Online မှ ဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလုပ်ရရှိမှုအနေဖြင့် အစိုးရအလုပ် အကိုင် ၁,၁၈၈ ဦး၊ ပုဂ္ဂလိကအလုပ်အကိုင် ၁၉,၉၁၀ဦး စုစုပေါင်း ၂၁,၀၉၈ ဦးကို အလုပ်အကိုင်များ ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။ 

၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း နိုင်ငံအလိုက် ပြည်ပအလုပ် အကိုင်ရရှိမှုအနေဖြင့် ကိုရီးယားနိုင်ငံသို့ အလုပ်သမား ၂၀ ကို အလုပ်အကိုင် ရှာဖွေပေးနိုင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117