Connect with us

WORLD

 ကမ္ဘာတစ်ဝှမ်း COVID-19 ကြောင့် သေဆုံးသူ ၈၄၀,၀၀၀ ဦးကျော်ရှိလာဟု ဂျွန်ဟော့ကင်း တက္ကသိုလ်ဆို

အမေရိကန် နိုင်ငံ နယူးယောက်မြို့၌ စက်ဘီးစီးနင်းသူများအား ဩဂုတ် ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 နယူးယောက် ၊ ဩဂုတ် ၃၀ ရက်(ဆင်ဟွာ) 

ကမ္ဘာတစ်ဝှမ်း COVID-19 ရောဂါကြောင့် သေဆုံးသူ အရေအတွက်မှာ ဩဂုတ် ၂၉ ရက်ထိ ၈၄၀,၀၀၀ ကျော်ရှိလာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာဌာန (CSSE)ထံမှ သိရသည်။ 

 ကမ္ဘာအနှံ့တွင် အမေရိကန်ဒေသစံတော်ချိန် ၆ နာရီ ၂၈ မိနစ် ( ဂရင်းနစ်စံတော်ချိန် GMT ၂၂၂၈ နာရီ)အထိ COVID-19 ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၂၄,၈၉၂,၅၄၃ ဦး ရှိပြီး သေဆုံးသူ  ၈၄၀,၃၄၁ ဦးထိ မြင့်တက်လာခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာဌာန (CSSE)၏ ကိန်းဂဏန်းများအရ သိရသည်။ 

အမေရိကန်နိုင်ငံသည် COVID-19 ရောဂါ ဖြစ်ပွားသူ နှင့် သေဆုံးသူ အရေအတွက် အများဆုံးရှိနေပြီး လက်ရှိအချိန်ထိဖြစ်ပွားသူ ၅,၉၅၈,၄၈၆ ဦး နှင့် သေဆုံးသူ ၁၈၂,၇၁၁ ဦး အသီးသီး ရှိရာ ကမ္ဘာတစ်ဝှမ်း စုစုပေါင်း သေဆုံးသူ အရေအတွက်၏ ငါးပုံတစ်ပုံကျော် ရှိကြောင်း သိရသည်။ ဘရာဇီးနိုင်ငံသည် အမေရိကန်နိုင်ငံပြီးနောက် ဒုတိယ အများဆုံး ဖြစ်ပြီး ရောဂါ ဖြစ်ပွားသူ ၃,၈၄၆,၁၅၃ ဦး နှင့် သေဆုံးသူ ၁၂၀,၂၆၂ ဦး ရှိကြောင်း သိရသည်။ မက္ကဆီကို ၊ အိန္ဒိယ ၊ ဗြိတိန် ၊ အီတလီ နှင့် ပြင်သစ် နိုင်ငံတို့ အပါအဝင် အခြားနိုင်ငံများ၌ သေဆုံးသူမှာ ၃၀,၀၀၀ ကျော် အသီးသီး ရှိကြကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117