Connect with us

Europe

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီးလောင်မှု စံချိန်တင် 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း Riverside နယ်မြေတွင် တောမီးလောင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီးကြောင့် မြေဧက ၃.၁ သန်း (၁၂,၅၂၅ စတုရန်းကီလိုမီတာ) လောင်ကျွမ်းကာ စံချိန်တင်ခဲ့ကြောင်း အာဏာပိုင်များက စက်တင်ဘာ ၁၀ ရက်၌ ပြောကြားခဲ့သည်။

ယခင်စံချိန်မှာ ၂၀၁၈ ခုနှစ်က ဧက ၁.၉ သန်း (၇,၆၈၉ စတုရန်းကီလိုမီတာ) လောင်ကျွမ်းမှုဖြစ်ကြောင်း သိရသည်။ 

 

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ရှိ Golden Gate တံတားကို တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်း ဆိုလာနိုနယ်မြေ Vacaville မြို့တွင် တောမီးလောင်မှုကြောင့် ပျက်စီးမှုများကို တွေ့ရစဉ် (ဓာတ်ပုံ- Li Jianguo/ဆင်ဟွာ)

ယခုနှစ် တောမီးလောင်မှုကြောင့် လူသေဆုံးမှု ၁၂ ဦးရှိခဲ့ပြီး အဆောက်အအုံ ၃,၉၀၀ ကျော် ပျက်စီးခဲ့ကြောင်း ကယ်လီဖိုးနီးယားပြည်နယ် သစ်တောနှင့် မီးဘေးကာကွယ်ရေးဦးစီးဌာနက နေ့စဉ်နောက်ဆုံးရစာရင်း၌ ဖော်ပြထားသည်။ ယင်းပြည်နယ်တစ်ဝန်းရှိ အဓိကတောမီးလောင်ကျွမ်းရာနေရာ ၂၉ ခု၌ မီးသတ်သမား ၁၄,၀၀၀ ခန့်ဖြင့် ဆက်လက်မီးငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။ 

ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းရှိ မန်ဒိုစီနို အမျိုးသားသစ်တောတွင် ဩဂုတ် ၁၇ ရက်က မိုးကြိုးပစ်ခြင်းကြောင့် စုစုပေါင်း တောမီးလောင်ကျွမ်းမှု ၃၇ နေရာရှိခဲ့သော ဩဂုတ်လတောမီးသည် ယင်းပြည်နယ် သမိုင်းတွင် အကြီးမားဆုံးတောမီးလောင်ကျွမ်းမှုဖြစ်သည်။ 

တောမီးသည် ကယ်လီဖိုးနီးယားပြည်နယ် မြေပြင်အခင်းအကျင်း၏ သဘာဝအစိတ်အပိုင်းများ ဖြစ်ပြီး ပြည်နယ်အတွင်းနှင့် အနောက်ပိုင်းတစ်ခွင်တွင် တောမီးရာသီသည် နှစ်စဉ် စောစီးစွာစတင်တတ်ကာ ပြီးဆုံးချိန် နောက်ကျတတ်ကြောင်း အဆိုပါ ဦးစီးဌာနက ဖော်ပြထားသည်။ 

ရာသီဥတုပြောင်းလဲခြင်းသည် အဓိကအချက်ဖြစ်ကြောင်း တာဝန်ရှိသူများက မှတ်ချက်ပြုခဲ့သည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117