Connect with us

Science & Technology

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၏ အချက်အချာကျသည့် ဘူတာကြီး ၅ ခုတွင် အချက်ပြ နှင့် လမ်းလွှဲထိန်းချုပ်ရေးမျှော်စင်များတည်ဆောက်ပြီးစီး

ရထားဘူတာအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) 

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၏ အချက်အချာကျသည့် မင်္ဂလာဒုံဘူတာ၊ ပုရွက်ဆိတ်ကုန်းဘူတာ၊ တညင်းကုန်းဘူတာ၊ အင်းစိန်ဘူတာနှင့် ကြည့်မြင် တိုင်ဘူတာတို့တွင် အချက်ပြနှင့် လမ်းလွှဲထိန်းချုပ်ရေး မျှော်စင်ငါးခု တည်ဆောက်မှုပြီးစီးပြီဖြစ်ကြောင်း မြန်မာ့မီးရထား အမှတ်(၇)တိုင်း(ရန်ကုန်) မှ သိရသည်။

မြန်မာ့မီးရထား အမှတ်(၇)တိုင်း(ရန်ကုန်) မှ လက်ထောက်မန်နေဂျာ ဦးကျော်မျိုးလွင်က “ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းကို ၁၉၅၉ ခုနှစ် ကစပြီးသုံးပြုခဲ့တာဆိုတော့ လမ်းပိုင်းနဲ့ အချက်ပြစနစ် တွေ အားနည်းလာတဲ့အတွက် ခေတ်စနစ်နဲ့အညီ ရထားလမ်းပိုင်းများကို အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်တာဖြစ်ပါတယ်’’ ဟု ဆင်ဟွာသို့ အောက်တိုဘာ ၁၅ ရက်တွင်ပြောကြားသည်။

အဆိုပါ မြို့ပတ်ရထားလမ်းပိုင်းတွင် အချက်ပြနှင့် လမ်းလွှဲထိန်းချုပ်ရေး မျှော်စင် များကိုတည်ဆောက်မှု ပြီးစီး သွားပြီဖြစ်၍ ထိန်းချုပ်ရေးပစ္စည်းများကို ဆက်လက် တပ်ဆင်လျက်ရှိကြောင်းဆိုသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှစတင်ကာ မြို့ပြ အင်ဂျင် နီယာလုပ်ငန်းအမည်ဖြင့် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ကြောင်း ၊ မြို့ပတ်ရထားလမ်းပိုင်းတစ်လျှောက်တွင် ၂၀၂၀ နှစ်ဆန်းပိုင်းမှစ၍ အချက်ပြစနစ်အတွက် ကေဗယ် ကြိုးများနှင့် ပါဝါလိုင်းများ တပ်ဆင်နိုင်ရန် ဆောင် ရွက်ခဲ့ပြီး အဆိုပါ မျှော်စင် ငါးခုကို ၂၀၂၁ ခုနှစ်တွင် စတင်အသုံးပြုနိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အချက်ပြစနစ်နှင့် လမ်းလွှဲထိန်းချုပ်ရေး မျှော်စင် များအနေဖြင့် ရထားအဝင်/အထွက်ကို အချက်ပြ စနစ်ဖြင့် ထိန်းချုပ်၍ ဘူတာရပ်ဝန်းဧရိယာအတွင်း၌ ရထားများ ရှောင်တိမ်းရာတွင် လမ်းလွှဲစနစ်ဖြင့် ထိန်းချုပ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၎င်းကဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117