Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်ရေသည် သုံးနှစ်အတွင်း ဇန်နဝါရီလတွင် ဖြစ်ပေါ်လေ့ရှိသည့် ရေအမှတ်အောက် စံချိန်တင်ကျဆင်း

ဧရာဝတီမြစ်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ဧရာဝတီမြစ်ရေသည် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ သုံးနှစ်အတွင်း ဇန်နဝါရီတွင် ဖြစ်ပေါ်လေ့ရှိသည့် ကာလတူရေအမှတ်များအား နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် စံချိန်တင်ကျဆင်းခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြစ်ရေဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးထွန်းဦးက ဆင်ဟွာသို့ ဇန်နဝါရီ ၂၀ ရက်တွင်ပြောသည်။

ဦးမျိုးထွန်းဦးက “ကျွန်တော်တို့ ရေနည်းသတိပေးအမှတ်ကို ၃၆၀ စင်တီမီတာလို့ သတ်မှတ်တယ်။ ၂၀၁၅ ခုနှစ် နောက်ပိုင်းမှာ ရေက ပိုပိုနည်းလာခဲ့တယ်။ ဒါပေမယ့် ဇန်နဝါရီလတွေမှာဆိုရင် ရေနည်းအမှတ် နီးနီးလောက်ဖြစ်တဲ့ ၃၆၁ စင်တီမီတာ၊ ၃၆၂ စင်တီမီတာလောက်ပဲ ရောက်ခဲ့တယ်။ ဒီနှစ်ကတော့ ထူးခြားတယ်။ ၂၀၁၈ ကနေ စတဲ့ အခြေအနေနဲ့ရော၊ ၂၀၁၈ အစောပိုင်းနှစ်တွေနဲ့ပဲယှဉ်ယှဉ် ဇန်နဝါရီ မှာ ဖြစ်လေ့ရှိတဲ့ ဧရာဝတီမြစ်ရေက ဒီနှစ်ကတော့ အကျဆုံးပဲ’’ ဟုပြောသည်။

လက်ရှိတွင် ဧရာဝတီမြစ်ရေသည် ရေနည်းသတိပေးအမှတ်အောက် ၃၂၇ စင်တီမီတာတွင် ရောက်ရှိနေပြီး ဇန်နဝါရီလ အတွင်းတွင် ဆက်လက်ကျဆင်းနိုင်ခြေရှိကြောင်းဆိုသည်။

“ဧရာဝတီမြစ်ရေက ဆက်ကျဦးမယ်။ ဒီနှစ်က မိုးနည်းပေမယ့် ဧရာဝတီမြစ်မှာ ရေကြီးခဲ့ပါတယ်။ ဧရာဝတီအထက်ပိုင်းဒေသတွေက မိုးကောင်းခဲ့ပြီး ရေကြီးခဲ့တယ်ဆိုတော့ မိုးနည်းတယ်လို့ ပြောရခက်တယ်။
ဘာသုံးသပ်လို့ရလဲဆိုတော့ မြစ်ကြောင်းတွေက ပြောင်းလဲမှုတွေများလာတယ်။ မြစ်က ရေထိန်းသိမ်းနိုင်တဲ့ လက်ခံနိုင်တဲ့ စွမ်းရည်တွေ နည်းလာတယ်။ မိုးကရွာတယ်။ အင်အားပြင်းပြင်းနဲ့ ရွာတယ်။ စီးဆင်းသွားတယ်။
ရေကိုထိန်းသိမ်းနိုင်မှုအားနည်းတယ်။ မြေအောက်ရေနည်းလာလို့ပဲ ကျနှုန်းက ပိုမြန်တာလားလို့ တွေးရတယ်။’’ ဟု ၎င်းကဆက်ပြောသည်။

ရေကြောင်းသွားလာရေးများနှင့် မြစ်ရေတင်စီမံကိန်းဆောင်ရွက်သူများအနေဖြင့် လက်ရှိရေနည်းအမှတ်အား သတိပြုသင့်ကြောင်းဆိုသည်။ (Xinhua)

 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117