Connect with us

Politics, Law & Military

ပေးဆောင်ရမည့် အခွန်များ ဘဏ္ဍာနှစ်မကုန်မီ ပေးသွင်းရန် ပြည်တွင်း အခွန်များ ဦးစီးဌာန ထုတ်ပြန်

ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ထုတ်ပြန်သော နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်ငွေများကို ဘဏ္ဍာနှစ်မကုန်မီ ပေးသွင်းရန် နှိုးဆော်ချက် အားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများမှ ရရှိသည့် ရောင်းရငွေ/ရငွေ/ဝင်ငွေတို့ အပေါ်တွင် ကုန်သွယ် လုပ်ငန်းခွန်နှင့် ဝင်ငွေခွန် ဥပဒေများအရ ပေးဆောင်ရမည့် ကျသင့် လုပ်ငန်းခွန်နှင့် ကြိုတင် ဝင်ငွေခွန်များအား မတ်လ ၃၁ ရက် မတိုင်မီ ပေးသွင်းကြရန် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကြေညာချက် ထုတ်ပြန်သည်။

ဘဏ္ဍာနှစ် မကုန်ဆုံးမီ ပေးသွင်းရမည့် ကျသင့် ကုန်သွယ် လုပ်ငန်းခွန် နှင့် ကြိုတင် ဝင်ငွေခွန်တို့အား သတ်မှတ်ရက် အတွင်း ပေးသွင်းရန် ပျက်ကွက်ပါက ကုန်သွယ် လုပ်ငန်းခွန် ဥပဒေနှင့် ဝင်ငွေခွန် ဥပဒေတို့ပါ ပြဋ္ဌာန်းချက်နှင့် အညီ ဒဏ်ငွေ ပေးဆောင်ရမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မတ်လ ၃၁ ရက်အတွက် ချက်လက်မှတ်များ စာရင်း ရှင်းလင်းခြင်းအား မတ်လ ၃၁ ရက် နံနက် ၁၁း၃၀ နာရီ တွင် တစ်ကြိမ်တည်းသာ MCH Settlement ပြုလုပ်ဆောင်ရွက်မည် ဟု နိုင်ငံတော် ဗဟိုဘဏ်မှ အကြောင်းကြား လာကြောင်း ၊ သို့ဖြစ်၍ ပြည်တွင်း အခွန်ဦးစီးဌာ၏ အခွန်ထမ်းကြီးများ ဆိုင်ရာအခွန်ရုံး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးများ နှင့် မြို့နယ် အခွန်ဦးစီး ဌာနမှူးရုံးများသို့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အတွက် အခွန်ငွေ ပေးသွင်းခြင်းများအား ဘဏ္ဍာနှစ် မကုန်ဆုံးမီ အမီ ပေးသွင်းကြရန်နှင့် ၊ အခွန်ပေးသွင်းရာတွင် ငွေသားဖြင့် ပေးသွင်းခြင်းအား မတ်လ ၃၁ ရက်နေ့တွင် လည်းကောင်း၊ ချက်လက်မှတ်များ ၊PO များဖြင့် အခွန်ပေးသွင်းခြင်းကို မတ်လ ၃၀ ရက်နေ့တွင် နောက်ဆုံးထား ပေးသွင်းရန် ကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117