Connect with us

Politics, Law & Military

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တင်သွင်းသည့် သမ္မတ ၊ ဒုတိယ သမ္မတများကို ထောက်ခံခဲ့ကြသူများအား ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်လွှာ ထုတ်ပြန်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန်သည့် ကျေးဇူးတင်လွှာ အားတွေ့ရစဉ် (ဓာတ်ပုံ-NLD Chairperson Facebook)

ရန်ကုန် ၊ မတ် ၁၆ ရက် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တင်သွင်းခဲ့သည့် သမ္မတ ၊ ဒုတိယ သမ္မတများကို ထောက်ခံခဲ့ကြသည့် နိုင်ငံရေး ပါတီ အသီးသီးမှ ကိုယ်စားလှယ်များနှင့် ပြည်သူများအတွက် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်လွှာ တစ်စောင်အား ယနေ့မတ်လ ၁၆ ရက်တွင် လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့သည်။

ယမန်နေ့မတ်လ ၁၅ ရက် ပြည်ထောင်စု လွှတ်တော်တွင် သမ္မတ ၊ ဒုတိယ သမ္မတများကို မဲပေး ရွေးချယ်ရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တင်သွင်းခဲ့သော ဦးထင်ကျော်နှင့် ဦးဟန်နရီဗန်ထီးယူ တို့ကို ထောက်ခံခဲ့ကြသည့် နိုင်ငံရေး ပါတီ အသီးသီးမှ ကိုယ်စားလှယ်များကို အထူး ကျေးဇူးတင်ကြောင်း ၊ ညီညီညွတ်ညွတ် စည်းကမ်း စနစ်ကျစွာဖြင့် မဲပေးခဲ့သော ၎င်း၏ ပါတီမှ ကိုယ်စားလှယ်များ အတွက်လည်း ဂုဏ်ယူမိကြောင်း ကျေးဇူးတင်လွှာတွင် ဖော်ပြထားသည်။

ထို့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြိုးပမ်း ဆောင်ရွက်ချက်များကို အေးချမ်း တည်ငြိမ်စွာဖြင့် ထောက်ခံသည့် ပြည်သူလူထုကြီးကို အားကိုးလျက် ကျေးဇူးတင်ကြောင်း အထူးပြောရန် လိုမည် မထင်ကြောင်း ၊ ပြည်သူများနှင့်အတူ ရှေ့တွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဟုလည်း ယုံကြည်ကြောင်း ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.