Connect with us

Politics, Law & Military

ဟောင်ကောင် အစိုးရ ချပြသည့် အခြေခံ ဥပဒေ ပြင်ဆင်ရေး စီမံကိန်းကို ပြည်သူလူထု ၆၀ ရာခိုင်နှုန်းကျော် ထောက်ခံ

ဟောင်ကောင် ပြည်သူများ အစိုးရ ချပြသည့် အခြေခံ ဥပဒေ ပြင်ဆင်ရေး စီမံကိန်းကို ထောက်ခံ ဆန္ဒပြနေပုံ (ဓာတ်ပုံ- အင်တာနက်)

ဟောင်ကောင် ၊ မေ ၂၅ ရက် (ဆင်ဟွာ)

ဟောင်ကောင် အစိုးရ ချပြသည့် အခြေခံ ဥပဒေ ပြင်ဆင်ရေး စီမံကိန်းကို ပြည်သူလူထု ၆၀ ရာခိုင်နှုန်းကျော် ထောက်ခံကြောင်း ဟောင်ကောင်၏ အကြီးဆုံး နိုင်ငံရေးပါတီက မေလ ၂၅ ရက် တွင် ကြေညာသည်။

ဟောင်ကောင် ပိုမိုတိုးတက် ကောင်းမွန်အောင် ပြုလုပ်ခြင်းဆိုင်ရာ ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ (DAB) ၏ စစ်တမ်းအရ ၃၂ ရာခိုင်နှုန်းသာ ၎င်းဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး စီမံကိန်းကို မထောက်ခံကြောင်း ဖော်ပြထားသည်။
ပြည်သူ ၁,၀၇၀ ခန့်ကို မဲဆန္ဒ ပေးခြင်းနှင့် ပတ်သက်၍ မေးခွန်းမေးခဲ့ကြပြီး ၎င်းတို့အထဲမှ ၈၀ ရာခိုင်နှုန်းကျော် ပြည်သူများအနေဖြင့် ဟောင်ကောင် အစိုးရ၏ အခြေခံ ဥပဒေပြင်ဆင်ရေး စီမံကိန်းကို ထောက်ခံသကဲ့သို့ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့်လည်း ပြည်သူများ၏ သဘောထားအတိုင်း ထောက်ခံ မဲပေးသင့်ကြောင်း ဆိုသည်။
DAB ၏ ဒုတိယ ဥက္ကဌ Horace Cheung က သတင်းစာ ရှင်းလင်းပွဲတွင် ဟောင်ကောင် ဒီမိုကရက်တစ် လွှတ်တော်အမတ်များ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး စီမံကိန်းတွင် တစ်ခု အပါအဝင်ဖြစ်သည့် လာမည့် ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲတွင် ဟောင်ကောင် အုပ်ချုပ်ရေးမှူး အသစ်ကို လူတိုင်း ပါဝင်မဲပေး၍ တိုက်ရိုက် ရွေးကောက် တင်မြှောက်ခွင့် ရရှိရေးကို ထောက်ခံသည့် ပြည်သူများ၏ ဆန္ဒကို လေးစားရန် တိုက်တွန်း ပြောကြား ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117