Connect with us

Environment, Disasters & Accidents

ချင်းပြည်နယ် ဖလမ်းမြို့၌ မိုးအဆက်မပြတ် ရွာသွန်းပြီး မြေပြိုကာ ကားလမ်းများ ပိတ်ဆို့

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဗလိုင်ရပ်ကွက် ဆောက်လုပ်ရေး ဝန်ထမ်း အိမ်ယာမြေထိန်း နံရံ ပြိုကျ နေမှု အား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ)

ချင်းပြည်နယ် ဖလမ်းမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မေv ၂၁ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ ခန့်က မြေပြိုကျကာ ကားလမ်းများလည်း ပိတ်ဆို့နေကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါ ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဗလိုင်ရပ်ကွက် ဆောက်လုပ်ရေး ဝန်ထမ်း အိမ်ယာမြေထိန်း နံရံသည် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပြိုကျ ပျက်ဆီးခဲ့ပြီး အဆိုပါဝန်ထမ်း အိမ်ယာတွင် နေထိုင်ကြသော ဝန်ထမ်းမိသားစု (၆) စုနှင့် အနီးနားရှိ မိသားစုများကို ဘေးကင်းရာ နေအိမ်များတွင် ရွှေ့ပြောင်းထားကြောင်း သိရသည်။

ယင်းမြေပြိုကျမှုကြောင့် ဟားခါး-ဖလမ်း-ကလေး ကားလမ်းသည်လည်း သိုင်းငင်းကျေးရွာ အောက်ဖက်တွင် မြေပြို၍ ပိတ်ဆို့ လျက်ရှိသည်။

“ မိုးက ခုချိန်ထိ အရမ်းရွာနေတုန်းပဲ၊ လူတွေတော့ ထိခိုက်မှု မရှိဘူး၊ မိုးဆက်ရွာရင် အန္တရာယ်ဖြစ်နိုင်တဲ့ နေရာတွေက လူတွေတော့ နေရာရွှေ့ထားတယ်” ဟု ဖလမ်းမြို့ရှိ ဒေသခံ တစ်ဦးက ဆိုသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117