Connect with us

Politics, Law & Military

ရန်ကုန် တိုင်းဒေသကြီးတွင် မေလ ၁ ရက် မှ မေလ ၃၁ ရက်အထိ အမှုပေါင်း ၃,၁၄၀ ဖမ်းဆီး အရေးယူနိုင်

လောင်းကစားမှု တစ်ခုအား ဖမ်းဆီးစဉ် ( ဓာတ်ပုံ-Yangon Police)

ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

ရန်ကုန် တိုင်းဒေသကြီး အတွင်း မှုခင်းကျဆင်းမှုများ မဖြစ်ပေါ်စေရန် ရဲတပ်ဖွဲ့က မေလ ၁ ရက်နေ့မှ စတင်ပြီး ရက် ၁ဝဝ စီမံချက်ဖြင့် လုံခြုံရေး အထူးတိုးမြှင့် ဆောင်ရွက်ခဲ့ရာ မေလ ၃၁ ရက်အထိ အမှုပေါင်း ၃,၁၄ဝ ဖမ်းဆီး အရေးယူ နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ထုတ်ပြန်သည်။

ထိုသို့ဖမ်းဆီး ခဲ့သည့် အမှုပေါင်း ၃,၁၄ဝ တွင် လက်နက်ပုန်းမှု၊ လောင်းကစားမှု၊ ယစ်မျိုးမှု၊ ခြေချုပ် ဖောက်ဖျက်မှု၊ မူးယစ်ဆေးဝါးမှု၊ ပြည့်တန်ဆာမှုနှင့် မော်တော်ယာဉ် အက်ဥပဒေမှုများ အပါအဝင် ပြစ်မှုပေါင်း ၁ဝ မျိုးဖြစ်ပြီး အဆိုပါ ရက် ၁ဝဝ စီမံချက်အတွင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ အင်အား ၈,ဝဝဝ ကျော်အပြင် တခြား တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ တပ်ဖွဲ့ဝင် အင်အားများ ကိုပါ ထပ်မံ ဖြည့်တင်း ထားကြောင်း သိရသည်။

ထို့ပြင် ရက် ၁ဝဝ စီမံချက် အတွင်း ဒဂုံ စစ်ဆင်ရေး အမည်ဖြင့် မူးယစ်တပ်ဖွဲ့နှင့် မြို့နယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ အတွင်း ပိတ်ဆို့ရှာဖွေ စစ်ဆေးခဲ့ရာ တစ်လအတွင်း မူးယစ်အမှု ၁၇၃ မှုမှ တန်ဖိုး ငွေကျပ် သိန်း ၅,ဝဝဝ ကျော်ရှိသော မူးယစ်ဆေးဝါး များနှင့်အတူ ပြစ်မှု ကျူးလွန်သူ ၂၅၄ ဦးအား ဖမ်းဆီး အရေးယူ နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117