Connect with us

Europe

ပြင်သစ် ရဲအရာရှိကို သတ်သူအား စုံစမ်း ဖော်ထုတ်နိုင်ခဲ့

အခင်းဖြစ်ပွားသည့် နေရာရှိ လမ်းအား ရဲကား တစ်စီး ပိတ်ရပ်ထားစဉ် (ဓာတ်ပုံ- အင်တာနက်)

ပဲရစ်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

ပြင်သစ် အဆင့်မြင့် ရဲအရာရှိနှင့် ချစ်သူ မိန်းကလေးအား သတ်ခဲ့ကြောင်း စွပ်စွဲ ခံထားရသူမှာ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ သစ္စာခံထားသူ အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦး ဖြစ်ကြောင်း စုံစမ်း ဖော်ထုတ် နိုင်ခဲ့သည်ဟု ဒေသဆိုင်ရာ မီဒီယာက ဇွန်လ ၁၄ ရက်တွင် သတင်း တင်ပြထားသည်။

ယင်း အမျိုးသား လာရော့စ်စီ အဗ္ဗလာ (Larossi Abballa) သည် အစွန်းရောက် စစ်သွေးကြွများ အား ပါကစ္စတန်သို့ သွားရောက် ရာတွင် အကူအညီ ပေးခဲ့မှုကြောင့် ၂၀၁၁ ခုနှစ်တွင် အဖမ်းခံခဲ့ရပြီး ၂၀၁၃ ခုနှစ်တွင် ထောင်သုံးနှစ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရသူ ဖြစ်ကြောင်း ရဲအရာရှိ တစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ ပြင်သစ် ရေဒီယို RMC-Info က သတင်း တင်ပြထားသည်။
အဆင့်မြင့် ရဲအရာရှိနှင့် ပြည်ထဲရေး ဝန်ကြီးဋ္ဌာနမှ ဝန်ထမ်းဖြစ်သူ ၎င်း၏ မိန်းကလေး တို့သည် ဇွန်လ ၁၃ ရက် ညပိုင်းက ပဲရစ်မြို့၏ အနောက်ဘက် ဆင်ခြေဖုံးရပ်ကွက် Magnanville တွင် အသတ် ခံခဲ့ရသည်။
အိုင်အက်စ်နှင့် ဆက်စပ်မှု ရှိသည့် သတင်း အေဂျင်စီက အဆိုပါ တိုက်ခိုက်မှုမှာ IS Fighter အဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း တင်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117