Connect with us

Europe

ယူရို ၂ဝ၁၆ တွင် သောင်းကျန်းခဲ့သည့် အင်္ဂလန်ဘောလုံး ပရိသတ်များအား ထောင်ဒဏ် ချမှတ်

ယူရို ၂ဝ၁၆ ပြိုင်ပွဲတွင် အင်္ဂလန် နှင့် ရုရှား ဘောလုံးပရိသတ်များ ခိုက်ရန်ဖြစ်ပွား နေစဉ် (ဆင်ဟွာ)

မာဆေး ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ တရားရုံး တစ်ရုံးသည် ဇွန်လ ၁၁ ရက်က ယှဉ်ပြိုင် ကစားခဲ့သည့် ယူရို ၂ ဝ၁၆ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တစ်ခု ဖြစ်သော အင်္ဂလန်နှင့် ရုရှား ပွဲစဉ်တွင် ဆူပူသောင်းကျန်း ခဲ့ကြသူ အင်္ဂလန် ဘောလုံး ပရိသတ် ၆ ဦးအား ထောင်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။

မာဆေးတရားရုံး၌ ဇွန်လ ၁၃ ရက်က ၅ နာရီအကြာ စစ်ဆေးမှု အပြီးတွင် ပြစ်မှုထင်ရှား သဖြင့် ထောင်ဒဏ် ချမှတ်ခံရခြင်း ဖြစ်သည်။ ၎င်းတို့သည် ပြိုင်ဘက် ပရိသတ်များ နှင့် ရဲတပ်ဖွဲ့ဝင်များအား ပုလင်းများဖြင့် ပစ်ပေါက်မှုကြောင့် ထောင်ဒဏ် ၁ လ မှ ၃ လ အထိ ချမှတ်ခံရမည် ဖြစ်သည်။
ထို့ပြင် မာဆေးတရားရုံးက မာဆေးမြို့လမ်းမများပေါ်၌ ပရိဘောဂပစ္စည်များ နှင့် မှန်များ ကျန်ရစ်ခဲ့သည့် အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သည့် ပြင်သစ်နိုင်ငံသား တစ်ဦးအား ထောင်ဒဏ် ၁ နှစ်နှင့် သြစတြေးလျ နိုင်ငံသား တစ်ဦးအား ထောင်ဒဏ် ၅ လစီ အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။
အင်္ဂလန် ပရိသတ်များအနက် တစ်ဦးကို ဆိုင်းငံ့ ထောင်ဒဏ် တစ်လနှင့် အားလုံးကို ပြင်သစ်နိုင်ငံတွင်း ဝင်ရောက်ခွင့် ၂ နှစ် ပိတ်ပင် တားဆီးခဲ့သည်။မာဆေးမြို့ ရှေ့နေချုပ် Brice Robid က အကြမ်းဖက်မှု ဖြစ်စဉ်တွင် ရုရှားနိုင်ငံသား တစ်ဦးမျှ အရေးယူခံရခြင်း မရှိသော်လည်း အင်္ဂလန်အသင်းနှင့် ၁ ဂိုးစီ သရေကျခဲ့သည့် ပွဲတွင် သောင်းကျန်းခဲ့သည့် ရုရှားနိုင်ငံသား ၂ ဦး အဖမ်းခံခဲ့ရကြောင်း ပြောကြားသည်။
နှစ်ဖက်ပရိသတ် အကြား သုံးရက်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် ရုရှားအသင်း ထောက်ခံသူ ၃၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ အဆိုပါ အဓိကရုဏ်း ဖြစ်စဉ်သည် ၁၉၈၈ ခုနှစ် ပြင်သစ် ကမ္ဘာ့ဖလား ပြိုင်ပွဲနောက်ပိုင်း အဆိုးဝါးဆုံး ဖြစ်ပွားခဲ့သည့် နိုင်ငံတကာ ဘောလုံးပြိုင်ပွဲ တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.