Connect with us

Politics, Law & Military

တရုတ် နှင့် ဆားဘီးယား ဥပဒေပြုအဖွဲ့အစည်းများအကြား အမြင်ချင်း ဖလှယ်မှုများ ပိုမို တိုးမြှင့်ရန် ရှီတိုက်တွန်း

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဆားဘီးယားနိုင်ငံ ပါလီမန် ဥက္ကဋ္ဌ Maja Gojkovic တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ဘယ်လ်ဂရိတ်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးပွားလာစေရန် တရုတ် နှင့် ဆားဘီးယား ဥပဒေပြုအဖွဲ့အစည်းများသည် မတူညီသော နယ်ပယ် အသီးသီး တွင် အမြင်ချင်း ဖလှယ်မှုများ ပိုမို တိုးမြှင့် လုပ်ဆောင် ရမည်ဖြစ်ကြောင်း ဇွန်လ ၁၈ ရက်က ဘယ်လ်ဂရိတ်မြို့တွင် ပြောကြားခဲ့သည်။

ထိုသို့ အမြင်ချင်း ဖလှယ်မှု သည် အဆင့်မြှင့်တင်နေသည့် တရုတ်-ဆားဘီးယား နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး၏ အရေးကြီးသည့် အစိတ်ပိုင်း တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ရှီက ဆားဘီးယား ပါလီမန် ဥက္ကဋ္ဌ Maja Gojkovic နှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဆားဘီးယားနိုင်ငံ သမ္မတ Tomislav Nikolic တို့သည် ဇွန်လ ၁၈ ရက်နေ့ အစောပိုင်းတွင် နှစ်နိုင်ငံ ဆက်ဆံရေးကို ပြီးပြည့်စုံသော မဟာဗျူဟာမြောက် ဆက်ဆံရေးအဖြစ် တိုးမြှင့်ရန် ပူးတွဲထုတ်ပြန်ချက် တစ်ခုအား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ရှီက နိုင်ငံတော် အဆင့် ဆက်ဆံမှု များ တိုးတက်လာစေရန်၊ အဓိကကျသည့် ကမ္ဘာ့အရေး နှင့် ဒေသ အရေး ကိစ္စတို့တွင် ပူးပေါင်းဆောင်ရွက်မှု နှင့် ဆက်သွယ်မှုများ ပိုမို ခိုင်မာလာစေရန်၊ တရုတ် နှင့် ဥရောပ အလယ်ပိုင်း နှင့် အရှေ့ပိုင်း (CEE) ကော်ပိုရေးရှင်း၊ နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ကော်ပိုရေးရှင်း နှင့် ခေတ်သစ်ပိုးလမ်းမကြီး ဆိုင်ရာမူဘောင်များအတွင်း လက်တွေ့ကျသည့် ည်ှိနှိုင်းဆောင်ရွက်မှုများ နက်ရှိုင်းလာစေရန်၊ နှစ်နိုင်ငံ ပြည်သူအချင်းချင်း အမြင်များတိုက်ရိုက်ဖလှယ်မှု ပိုမို ကျယ်ပြန့်လာစေရန် တို့အတွက် တရုတ်နိုင်ငံသည် ဆားဘီးယားနိုင်ငံ နှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။

ပါလီမန် ဥက္ကဋ္ဌ Maja Gojkovic က ရှီ၏ ဆားဘီးယား ခရီးစဉ် သည် ဆားဘီးယား ပြည်သူများအတွက် ကြီးကျယ်သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပြီး နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှု များကို အဆင့်မြှင့်တင်ပေးနိုင်လိမ့်မည် ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

ဆားဘီးယား အမျိုးသား လွှတ်တော်ကလည်း နယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံ ချစ်ကြည်မှု တိုးတက် လာစေရန် တရုတ်နိုင်ငံ ၏ အမျိုးသားပြည်သူ့ ကွန်ဂရက် နှင့် အမြင်ချင်းဖလှယ်ကာ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်းပြောကြားခဲ့သည်။

ရှီသည် ဆားဘီးယားနိုင်ငံ ဘယ်လ်ဂရိတ်မြို့တော်သို့ ဇွန်လ ၁၇ ရက်နေ့က ရောက်ရှိလာခဲ့ပြီး သုံးရက်ကြာ နေထိုင်သွားမည်ဖြစ်ကာ ယခု ခရီးစဉ်သည် ၃၂ နှစ်အတွင်း တရုတ်နိုင်ငံ ခေါင်းဆောင် တစ်ယောက် ဆားဘီးယားနိုင်ငံ သို့ ပထမဆုံး လာရောက် လည်ပတ်သည့် နိုင်ငံတော် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117