Connect with us

Asia

ထိုင်း နိုင်ငံတွင် မားစ် ရောဂါ ကူးစက်သူ တစ်ဦး ပထမဆုံး အကြိမ် တွေ့ရှိ

စလိုဗက်ကီးယား နိုင်ငံတွင် ကျန်းမာရေး ဝန်ထမ်းများက မားစ်ရောဂါ ကူးဆက်ခံရသည်ဟု သံသယ ရှိသည့် လူနာတစ်ဦးအား ဆေးရုံသို့ သယ်ဆောင်နေစဉ် (ဆင်ဟွာ)

ဘန်ကောက် ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ထိုင်း နိုင်ငံ၌် မားစ်ရောဂါ ကူးစက်သူ တစ်ဦး ပထမဆုံး အကြိမ် တွေ့ရှိ ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ ကျန်းမာရေး ဝန်ကြီး ဌာနက ဇွန်လ ၁၈ ရက်တွင် အတည်ပြု ပြောကြားသည်။

ဓါတ်ခွဲခန်း အတည်ပြုချက် အရ ကူးစက် ခံရ သူမှာ ၇၅ နှစ်အရွယ် အမျိုးသား တစ်ဦး ဖြစ်ပြီး ၎င်း သည် အရှေ့အလယ်ပိုင်း နိုင်ငံ တစ်ခုမှ ထိုင်းနိုင်ငံသို့ လာရောက် ၍ ၎င်း၏ နှလုံး ရောဂါကို ကုသနေခြင်း ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဝန်ကြီး Rajata Rajatanavin က ပြောကြား သည်။
ရောဂါ ကူးစက်ခံရသူမှာ အိုမန်နိုင်ငံမှ လာရောက်ခြင်းဖြစ်ကြောင်း အစိုးရ ဒုတိယ ပြောရေး ဆိုခွင့်ရှိသူ Sansern Kaewkamnerd က ပြောကြားသည်။

Nonthaburi ပြည်နယ် အလယ်ပိုင်းတွင် ရောဂါ ကူးစက် ခံရသူအား ကုသမှု ပေးနေကြောင်း ၊ ၎င်း ၏ အခြေအနေ မှာ တည်ငြိမ် နေပြီ ဖြစ်ကြောင်း ဝန်ကြီး ဌာနက ပြောကြား သည်။

ရောဂါကူးစက် ခံရသူနှင့် ထိုင်းနိုင်ငံသို့ အတူလိုက်ပါလာသည့် ၎င်း၏ မိသားစုဝင် ၃ ဦး အပါအဝင် ၎င်း တည်းခိုခဲ့သည့် ဟိုတယ်မှ လူများ ၊ ဆေးရုံမှ ဝန်ထမ်းများနှင့် လေယာဉ် ပေါ်တွင် ၎င်းနှင့် အတူတကွ ထိုင်ခဲ့သူများ အပါအဝင် လူပေါင်း ၅၉ ဦးကိုလည်း စောင့်ကြည့် နေကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ၎င်းမားစ်ရောဂါ ဖြစ်စဉ် ထုတ်ဖော်ပြောကြား ပြီးနောက် ထိုင်နိုင်ငံ ဝန်ကြီးချုပ် Prayut Chan-o-cha မှ ပြည်သူများ အနေဖြင့် အထူးစိုးရိမ် ဖို့ မလိုဘဲ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန် အကြံပေးချက် များကို လိုက်နာရန် တိုက်တွန်း ပြောကြား ခဲ့သည်။

ပြည်သူ့ ကျန်းမာရေး ဝန်ကြီးဌာနသည် မားစ် ဗိုင်းရပ်စ် ထိန်းချုပ်မှုကို အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့် အညီ ဆောင်ရွက်နေကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117