Connect with us

Local

ကျပ်တစ်သောင်းတန် အသစ် စတင်ထုတ်ဝေသော်လည်း ငွေကြေးဈေးကွက်နှင့် ကုန်ဈေးနှုန်း အပြောင်းအလဲ မရှိ ဟုဆို

ရန်ကုန်မြို့ရှိဈေးတစ်ခုအား တွေ့မြင်ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ယနေ့ဇူလိုင် (၁) ရက်မှ စတင်၍ တစ်သောင်းတန် ငွေစက္ကူအသစ်အား ဈေးကွက်အတွင်းသို့ရောက်ရှိစေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဘဏ်များသို့ဖြန့်ဝေပေးနေပြီ ဖြစ်ပြီး တစ်သောင်းတန် ငွေစက္ကူအသစ် ထွက်ရှိလာခြင်းကြောင့် မြန်မာငွေတန်ဖိုး ကျဆင်းသွားနိုင်ခြင်း ၊ ဒေါ်လာဈေး အပြောင်းအလဲ လှုပ်ခတ်မှု ဖြစ်ပေါ်နိုင်ခြင်း မရှိဟု ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ ပြောသည်။

“အသစ်တွေ ထပ်ထုတ်တာ မဟုတ်ဘဲနဲ့ဘယ်ငွေစက္ကူက ဘတ်ဂျက်အလိုက် ဘယ်လောက်ထုတ်မည် ၊ မထုတ်ဘူးဆိုတာက ငွေကြေးဖောင်းပွမူ မဖြစ်ဖို့အတွက်ကို ငွေကြေးဆိုင်ရာ မူဝါဒတွေအရ တွက်ချက်ပြီးတော့မှ ဘယ်လောက် ထုတ်မယ်ဆိုတာကို နဂိုထဲက ရှိပြီးသားပါ။

ရှိပြီးသား ဖြစ်တဲ့အတွက် အသစ်ထပ်ထုတ်တာ မဟုတ်ဘဲနဲ့မူလထုတ်ရမယ့် တစ်သောင်းတန် အရေအတွက်အစား အရည်အသွေးမြင့် ၊ လုံခြုံရေး အဆင့်ပိုမြှင့်ထားတာကို အစားထိုး ထုတ်တာဆိုတော့ ဘာမှသွားထိခိုက်စရာ မရှိပါဘူး။ ဒေါ်လာ ဈေးနှုန်းအပေါ်လဲ ရိုက်ခတ်နိုင်စရာ အကြောင်းမရှိပါဘူး။ အဲဒီနစ်ခုက ဆက်စပ်နေတာဆိုတော့ ပုံမှန်ပါပဲ” ဟု ၎င်းက ဆိုသည်။

ကျပ် တစ်သောင်းတန် ငွေစက္ကူအသစ် ထွက်ရှိလာသော်လည်း ဈေးကွက်အတွင်းတွင် ဇူလိုင်လ (၁) ရက်နေ့နိုင်ငံခြား ငွေလဲလှယ်နှုန်းမှာ ဈေးကွက်အဖွင့်တွင် ယခင်နေ့ဈေးနှုန်းနှင့် အပြောင်းအလဲ ကြီးကြီးမားမား ကွာဟချက်မရှိဘဲ အမေရိကန်တစ်ဒေါ်လာ (1 USD) ရောင်းဈေးမှာ (၁,၁၈၄) ကျပ် ၊ ဝယ်ဈေး (၁,၁၈၂) နှုန်းထားသာ ရှိပြီး မြန်မာ့ ရွှေဈေးမှာလည်း (၇၃၈,၀၀၀) ကျပ်နှင့် ကမ္ဘာ့ ရွှေဈေးမှာ (၁,၁၇၃) ဒေါ်လာနှုန်းထား ဖြင့်သာ ရပ်တည်နေသည်။ အခြား စားသောက် ကုန်စည် ဈေးနှုန်းများ အတွက်လည်း ကုန်ဈေးနှုန်း တိုးမြင့် ကြီးမားလာခြင်း မရှိသေးကြောင်း သိရသည်။

ယခု ထွက်ရှိလာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူမှာ ယခင် တစ်သောင်းတန် ငွေစက္ကူ ထက် အရည်အသွေးနှင့် လုံခြုံရေးအဆင့် တိုးမြှင့် ထုတ်ဝေခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117