Politics, Law & Military
Nice အကြမ်းဖက်မှုအတွက် ဝမ်းနည်းကြေကွဲကြောင်း တရုတ်နိုင်ငံ သမ္မတ ပြော
ပေကျင်း ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ)
ပြင်သစ်နိုင်ငံ Nice မြို့၌ ဇူလိုင်လ ၁၄ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက်ခံရမှု အတွက် ဝမ်းနည်း ကြေကွဲကြောင်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ပြင်သစ်နိုင်ငံသမ္မတ ဖရန်ကိုစ့်ဟော်လန်ဒီ အား ဇူလိုင်လ ၁၅ ရက်တွင် ဖုန်းဆက် ပြောကြားခဲ့သည်။
တရုတ် နိုင်ငံ သမ္မတရှီက Nice မြို့အကြမ်းဖက်မှုအား “ အလွန်အမင်း ဆိုးရွာသော လူမဆန်သည့် လုပ်ရပ်” အဖြစ် ပြစ်တင် ရှုတ်ချလိုက်ပြီး အကြမ်းဖက်မှုအတွင်း သေဆုံးသွားသည့် လူပေါင်း ၈၄ ဦး နှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများတွက် အလွန်အမင်း ကြေကွဲရကြောင်း နှင့် သေဆုံးသွားသူများ၏ မိသားစုဝင်များ အတွက်လည်း ပူဆွေးသောက ဖြစ်ရပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ထို့ပြင်သမ္မတ ရှီက အကြမ်ဖက်ဝါဒသည် ကမ္ဘာ့နိုင်ငံအားလုံးကို ခြိမ်းခြောက်နေကြောင်း နှင့် တရုတ်နိုင်ငံ အနေဖြင့် မည်သည့် အကြမ်းဖက်မှုကို မဆိုဆန့်ကျင်သွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ပြင်သစ်အစိုးရ၏ အမျိုးသား လုံခြုံရေးဆိုင်ရာ ကာကွယ်ရေးလုပ်ငန်းစဉ်ကို တရုတ်နိုင်ငံက အပြည့်အဝ ထောက်ခံကြောင်း ၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အတွက် တရုတ်နိုင်ငံသည် ပြင်သစ်နိုင်ငံနှင့် ပူးပေါင်း၍ မူဘောင်ချ လုပ်ကိုင်သွားရန် အသင့်ရှိကြောင်း နှင့် တရုတ်-ပြင်သစ် နှစ်နိုင်ငံ တည်ငြိမ်ရေး အေးချမ်းရေး အတွက် သာမက တစ်ကမ္ဘာလုံး အတွက် ကျယ်ကျယ် ပြန့်ပြန့်ပူးပေါင်း ဆောင်ရွက်သွားရန် အသင့် ရှိကြောင်း တရုတ်သမ္မတ ရှီကျင့်ဖိန် က ဆိုသည်။
ဇူလိုင်လ ၁၄ ရက် ညပိုင်းက ပြင်သစ်နိုင်ငံ Niceမြို့၌ ပြင်သစ် အမျိုးသားနေ့ အခမ်းအနား တက်ရောက်လာသော လူအုပ်ကြီးအား အကြမ်းဖက်သမား မောင်းနှင်လာသော ကုန်တင်ကား ဝင်တိုက်ခဲ့ရာ အနည်းဆုံး လူပေါင်း ၈၄ ဦး သေဆုံးပြီး အခြား ၁၈ ဦးမှာ အရေးပေါ်အခြေအနေဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ (Xinhua)