Connect with us

Africa & Middle East

မဒါဂတ်စကာနိုင်ငံ တောင်ပိုင်းတွင် အိမ်မီးလောင်မှုကြောင့် ၃၈ ဦး သေဆုံး

မဒါဂတ်စကာနိုင်ငံ တွင် မီးလောင်မှု ဖြစ်ပွားခဲ့သည့် အိမ်တစ်လုံးအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မဒါဂတ်စကာ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

မဒါဂတ်စကာနိုင်ငံ မြို့တော် အန်တာနာနာရီဗိုမှ တောင်ဘက် ၄၀၀ ကီလိုမီတာ ခန့်အကွာရှိ Ikalamavony ဒေသတွင် ဇူလိုင်လ ၂၃ ရက် ညက အိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့၍ ကလေးငယ် ၁၆ ဦး အပါအဝင် လူ ၃၈ ဦး သေဆုံးခဲ့ကြောင်း အမျိုးသား အရပ်ဘက် လုံခြုံရေး တပ်မှူး၏ ဆက်သွယ်ရေး အရာရှိ Herilalatiana Andrianarisaona က ပြောကြားခဲ့သည်။

Andrianarisaona က “ Ralaimija ဆိုသူရဲ့ အိမ် မီးလောင်မှုကြောင့် ၃၈ ဦး သေဆုံးခဲ့ပါတယ်။ အဲ့အထဲ မှာမှ ၂ ဦး လုံးဝ မီးလောင်ကျွမ်းသွားပြီး ကျန် ၃၆ ဦး ကတော့ ဇူလိုင်လ ၂၃ ရက် ညမှာပဲ သေဆုံးသွားခဲ့ပါတယ်” ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။
၎င်းက သေဆုံးသူများ အနက် ၁၇ ဦးမှာ Ralaimija ၏ မိသားစု ဝင်များ ဖြစ်ပြီး၊ ၎င်း၏ မိခင်၊ ဇနီး၊ သား ၇ ယောက်နှင့် ၎င်း၏ ဆွေမျိုးများ ပါဝင်ကြောင်း ပြောကြားခဲ့သည်။
၎င်းက Ikalamavony ဒေသ ရှိ Ambatolava ရွာ၌ ဘိုးဘွားများ၏ နေအိမ်အတွက် ဇူလိုင် ၂၁ မှ ၂၃ အထိသုံးရက် ကြာမြင့်သည့် အခမ်းအနား တစ်ခု ပြုလုပ်ရန် Ralaimija ၏ မိသားစုဝင်များ ရောက်ရှိနေစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အိမ်အောက်ထပ်၌ လူအများ အိပ်ပျော်နေစဉ် အပြင်ဘက် မီးဖိုချောင်မှ မီးသည် လေပြင်း တိုက်မှုကြောင့် အိမ်ခေါင်မိုးသို့ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှု၌ အသက်ရှင် လွတ်မြောက်ခဲ့သူ သုံးဦးသာရှိပြီး ၎င်းတို့ အနက် တစ်ဦးမှာ ၁၄ နှစ်အရွယ် ယောကျာ်းလေး တစ်ဦး ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားစဉ်တွင် ပြတင်းပေါက်မှ ခုန်ချခဲ့ကာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117