Connect with us

Politics, Law & Military

၂၁ ရာစု ပင်လုံညီလာခံမှ ငြိမ်းချမ်းရေးလမ်းကို စတင် လျှောက်လှမ်းလိုက်ပြီဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံ ညီလာခံတွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

ယနေ့ စတင်ကျင်းပသော ၂၁ ရာစု ပင်လုံ ညီလာခံမှ ငြိမ်းချမ်းရေးလမ်းကို စတင် လျှောက်လှမ်းလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပင်လုံညီလာခံ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားလိုက်သည်။

ငြိမ်းချမ်းရေးကို ဘုံရည်မှန်းချက်ထားပြီး ကြိုးစားဆောင်ရွက်ခဲ့မှုကြောင့်၂၁ ရာစု ပင်လုံညီလာခံကို ယနေ့ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပြင် ကမ္ဘာကပါ ငြိမ်းချမ်းရေး အတွက် စောင့်ကြည့်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နိုင်ငံရေးဆွေးနွေးပွဲများ တက်လှမ်းရာတွင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် (NCA) ကို အခြေခံသောကြောင့် NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့များကိုလည်း အစိုးရသစ်အနေဖြင့် NCA လက်မှတ်ထိုးလာအောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ NCA လက်မှတ်ထိုးထားသော အဖွဲ့များနှင့် မထိုးရသေးသော အဖွဲ့များကြား သဘောထားမကွဲရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံ ညီလာခံတွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံ ညီလာခံတွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) သည် ငြိမ်းချမ်းရေးအတွက် သာမက ဒီမိုကရေစီ ဖက်ဒရယ် တည်ဆောက်ရေးအတွက် အခြေခံထားကြောင်း ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်ခဲ့သော ယခင် သမ္မတဟောင်း ဦးသိန်းစိန်ကို ဂုဏ်ပြုကြောင်း၊ ယခင်အစိုးရ ဖော်ဆောင်ခဲ့သော ငြိမ်းချမ်းရေး လမ်းစဉ်ကို အကောင်အထည်ဖော် ဆက်လက် လုပ်ကိုင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

“ခေတ်အဆက်ဆက်မှာ ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့ နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးစားခဲ့ပါတယ်။ မအောင်မြင်ခဲ့တာတွေကို သင်ခန်းစာယူပြီး ကျွန်မတို့ခေတ်မှာ အောင်မြင်အောင် လုပ်ဆောင်ဖို့ လိုပါတယ်။ အားလုံး ပါဝင်မှုမရှိဘဲ ငြိမ်းချမ်းရေး မရနိုင်ပါဘူး။ ငြိမ်းချမ်းရေးဆိုတာ ညီလာခံ ခန်းမထဲမှာသာ မွေးဖွား ပေါ်ပေါက်လာနိုင်တာ မဟုတ်ပါဘူး။ ပြည်သူအားလုံးရဲ့ အားပေးထောက်ခံမှု တက်ကြွ လှုပ်ရှားမှုတွေ လိုအပ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ငြိမ်းချမ်းရေး ကြိုးပမ်း ဆောင်ရွက်မှုသည် ယနေ့အခမ်းအနားတွင် ရှိနေသော သူများအတွက်သာ မဟုတ်ဘဲ အနာဂတ် မျိုးဆက်လူငယ်များ၏ စိတ်ထဲမှာ မငြိမ်းချမ်းသော ဒဏ်ရာများ မရစေရန် ဖြစ်ကြောင်း ၎င်းကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117