Connect with us

Politics, Law & Military

G20 ထိပ်သီးအစည်းအဝေး ဖွင့်လှစ်ကာ ကမ္ဘာကြီး ၏ အနာဂါတ်ဖွံဖြိုးတိုးတက်စေရန် ခရီးစဉ်သစ် စတင်

တရုတ်သမ္မတ ရှီကျင့်ဖိန် G20 ထိပ်သီးအစည်းအဝေးဖွင့်ပွဲ၌ မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

အခက်အခဲ နှင့် စိန်ခေါ်မှုများ ရှိနေသည့် ကြားက G20 ထိပ်သီးအစည်းအဝေးအား စက်တင်ဘာ ၄ ရက်တွင် တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ အောင်မြင်စွာဖွင့်လှစ်လိုက်ကြောင်း နှင့် ယင်း ထိပ်သီးအစည်းအဝေးပွဲသည် နှေးကွေးနေသော ကမ္ဘာ့စီးပွားရေး အား ကောင်းမွန်မြန်ဆန်လာအောင် ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်သွားရန် ရည်ရွယ်ကြောင်း သိရသည်။

G20 ထိပ်သီးအစည်းအဝေးသည် နိုင်ငံတော်အဆင့် စီးပွားရေး မူဝါဒများ ညှိနှိုင်းဆောင်ရွက်ရေး၊ ဆန်းသစ်တီထွင်မှုဖြင့် တိုးတက်ကြီးပွားလာရေး၊ ကမ္ဘာ့စီးပွားရေး နှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံအုပ်ချုပ်မှုများတွင် ပိုမို ထိရောက်လာရေး၊ အားကောင်းသည့် ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု၊ အားလုံးပါဝင်နိုင်ပြီး အချင်းချင်း ဆက်သွယ်နိုင်သည့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ခေါင်းစဉ်များ ပါဝင်သည့် ကမ္ဘာ့စီးပွားရေးအတွက် လိုအပ်သော ကိစ္စရပ်များ အပေါ် အလေးထားဆွေးနွေးသွားမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖိန်က G20 ထိပ်သီးအစည်းအဝေး ဖွင့်ပွဲ အခမ်းအနားမိန့်ခွန်း ၌ ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117