Connect with us

Science & Technology

တရုတ်ရှိ ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ် အား စတင်အသုံးပြု

တရုတ်ရှိ ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ် အား ဝေဟင်မှ မြင်တွေ့ရစဉ် (ဆင်ဟွာ)

ကွေ့ရန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တောင်တန်းဒေသတစ်ခုဖြစ်သည့် ကွေ့ကျိုးပြည်နယ် တွင် တည်ဆောက်ထားသော ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ် အား စက်တင်ဘာ ၂၅ရက်တွင် စတင် အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။

ပင်တောင်စီရင်စု ရှိ တောင်ကြားချိုင့်ဝှမ်းတွင် စက်တင်ဘာ ၂၅ရက်နေ့လည်ပိုင်းက နက္ခတ္တဗေဒပညာရှင်များ နှင့် နက္ခတ္တပညာ စိတ်ပါဝင်စားသူများရှေ့မှောက်၌ အကျယ် ၅၀၀မီတာ ရှိသည့် တယ်လီစကုပ် (Five-hundred-meter Aperture Spherical Telescope FAST) အား အာကာသလေ့လာရေးနှင့် တခြားဂြိုလ်များမှ သက်ရှိများအကြောင်းကို စုံစမ်းထောက်လှမ်းရန်အတွက် တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယင်း တယ်လီစကုပ်အားတည်ဆောက်ရန် တရုတ် နက္ခတ္တဗေဒပညာရှင်များက အဆိုတင်သွင်းခဲ့ပြီး ၁၇နှစ်အကြာ ၂၀၁၁ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တရုတ်ယွမ် ၁.၂ဘီလီယံခန့် (အမေရိကန်ဒေါ်လာ သန်း၁၈၀) ကုန်ကျခဲ့ကြောင်း သိရသည်။
တယ်လီစကုပ်၏ အဓိက အစိတ်အပိုင်းဖြစ်သော ဘောလုံးကွင်း ၃၀ခုစာအကျယ်အဝန်းရှိသည့် ရောင်ပြန်ပြား ၄,၄၅၀ ခု အား တပ်ဆင်ခြင်းလုပ်ငန်းကို ၂၀၁၆ခုနှစ် ဇူလိုင်လအစောပိုင်းတွင် ပြီးစီးခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117