Connect with us

Africa & Middle East

မော်ရိုကိုတွင် IS နှင့် ဆက်နွယ်နေသည့် အမျိုးသမီး ၁၀ဦးအားဖမ်းဆီး

IS နှင့် ဆက်နွယ်နေသည့် အမျိုးသမီးတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်လာစဉ် (ဓါတ်ပုံ-အင်တာနက်)

ရာဘတ်၊ အောက်တိုဘာ ၄ရက် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် IS စစ်သွေးကြွအဖွဲ့နှင့် အဆက်အသွယ်ရှိနေသည့် အမျိုးသမီး ၁၀ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနက အောက်တိုဘာ ၃ရက်တွင် ပြောကြားခဲ့သည်။

ဝန်ကြီးဋ္ဌာနက အဆိုပါ သံသယရှိသူများအား နိုင်ငံအတွင်းရှိ မတူညီသည့် ဒေသများမှ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့သည် IS ဘာသာရေးခေါင်းဆောင်များထံ သစ္စာခံရန် ကတိပြုထားသူများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ကနဦး စုံစမ်းစစ်ဆေးချက်များအရ သံသယရှိသူအများစု၏ မိသားစုဝင်များသည် အီရတ်နိုင်ငံ နှင့် ဆီးရီးယားနိုင်ငံရှိ IS တိုက်ခိုက်ရေးသမားများနှင့် ချိတ်ဆက်မှုရှိနေပြီး မော်ရိုကိုနိုင်ငံရှိ အဓိကနေရာများတွင် အသေခံဗုံးခွဲမှု ပြုလုပ်ရန်စီစဉ်ထားသူများဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၎င်းတို့သည် အမျိုးသမီးငယ်များကိုလည်း IS အဖွဲ့သို့ ဝင်ရောက်ရန် စည်းရုံးလှုံ့ဆော်ပေးနေကြောင်း သိရသည်။

မော်ရိုကိုနိုင်ငံတွင် IS တို့၏ ခြိမ်းခြောက်မှုသည် တဖြည်းဖြည်းကြီးထွားလာပြီး မော်ရိုကိုနိုင်ငံ ပြည်ထဲရေးဝန်ကြီးဋ္ဌာန က ၂၀၀၂ခုနှစ်မှစ၍ အီရတ်နှင့် ဆီးရီးယားရှိ စစ်သွေးကြွအုပ်စုများနှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် အကြမ်းဖက်အဖွဲ့ငယ် ၁၆၀ အား နှိမ်နှင်းခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117