Connect with us

Social

ဒဂုံ လေးမြို့နယ်နှင့် သီလဝါကို တစ်နေ့လျှင် ရေဂါလန်သန်း ၄၀ ပေးဝေနိုင်ရန် စီစဉ်

ရန်ကုန်မြို့တော်ပြမြေပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ ဒဂုံ လေးမြို့နယ်နှင့် သီလဝါကို တစ်နေ့လျှင် ရေဂါလန် သန်း ၄၀ ပေးဝေနိုင်ရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းရေးဌာနထံမှ သိရသည်။

အဆိုပါ ရေဂါလန်သန်း ၄၀ပေးဝေနိုင်ရန် ဂျပန်အစိုးရချေးငွေဖြင့် စတင်အကောင်အထည် ဖော်ဆောင် ရွက်မည်ဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသည်၂ဝ၂၅ ခုနှစ်တွင် မြေအောက်ရေအသုံးပြုမှု ကို လျှော့ချ ကာ ရေလှောင်တမံနှင့် ကန်များမှ ရေပေးဝေနိုင်ရန် ရည်ရွယ်၍ စီမံကိန်းရေးဆွဲလျက် ရှိကြောင်း၊ လက်ရှိတွင် ရန်ကုန်မြို့ရှိ လူဦးရေသည် ၅ ဒသမ ၂ သန်းခန့်သာ ရှိပြီး ရေလိုအပ်ချက်ကို ရေနှင့်သန့်ရှင်းရေး ဌာနမှ တစ်နေ့လျှင် ရေဂါလန် ၂ဝ၅ သန်း ပေးဝေလျက်ရှိသည်။

ရေပေးဝေရေး စီမံခန့်ခွဲမှု Master Plan ကို ၂ဝ၁၂ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် ပြီးစီးခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117