Connect with us

Science & Technology

၂၀၁၅ ပထမ နှစ်ဝက်အတွင်း Huawei ကုမ္ပဏီမှ ယွမ် ၁၇၅.၉ ဘီလီယံ ဝင်ငွေ ရရှိခဲ့ကြောင်း ကြေငြာ

စင်ကာပူနိုင်ငံရှိ ဆက်သွယ်ရေး ဆိုင်ရာ နည်းပညာ ပြပွဲတွင် Huawei ထုတ်ကုန်များအား ပြသနေသာ မော်ဒယ်တစ်ဦး (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

ယခု ၂၀၁၅ ခုနှစ် ပထမနှစ်ဝက် ခြောက်လအတွင်း Huawei ကုမ္ပဏီမှ စုစုပေါင်းဝင်ငွေ ယွမ် ၁၇၅.၉ ဘီလီယံ ရရှိခဲ့ပြီး ယမန် နှစ်ထက် ၃၀ ရာခိုင်နှုန်း တိုးမြင့် လာခဲ့ကြောင်း ၎င်း၏ စီးပွားရေး ရလဒ်ကို ထုတ်ပြန် ကြေငြာ ခဲ့သည်။

Huawei ကုမ္ပဏီသည် အရည်အသွေးမြင့် ထုတ်ကုန်များကို သုံးစွဲသူများက ကြိုက်နှစ်သက် ကြသည့်အပြင် Huawei အမှတ်တံဆိပ် သည်လည်း အဆင့်မြင့်နှင့် အလယ်အလတ် ဈေးကွက်တွင် ခိုင်မြဲစွာ ရပ်တည် နိုင်ခဲ့သည်။ Software-defined နည်းပညာအပေါ် အဓိကထားပြီးရေးဆွဲသော “SoftCOM” မဟာဗျုဟာကို ထိရောက်စွာ အသုံးပြု၍ ကွန်ရက် တည်ဆောက်မှု ပုံစံ အသွင်ကူးပြောင်းခြင်း၊ လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာ ပုံစံများကို ပြုပြင် ပြောင်းလဲ လုပ်ဆောင် ခြင်းနှင့် software-defined နှင့် cloud computing တို့ ကဲ့သို့သော မျိုးဆက်သစ် ကွန်ရက် နည်းပညာများ၏ ဖွံ့ဖြိုး တိုးတက်မှုကို လုပ်ဆောင ်နိုင်ခဲ့သည်ဟု ယင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

အနာဂတ် မျှော်မှန်းချက်အရ Huawei ကုမ္ပဏီသည် သတင်း အချက်အလက်နှင့် နည်းပညာ (ICT) နယ်ပယ်တွင် ကမ္ဘာလုံး ဆိုင်ရာ ဦးဆောင်သူ ဖြစ်လာရန် ကြိုးပမ်း ဆောင်ရွက်သွားမည်။ ဆန်းသစ်တီထွင် ထား သော ICT ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် နည်းပညာများဖြင့် ပိုမိုကောင်းမွန်စွာ ဆက်နွယ်မှုရှိသော ကမ္ဘာကြီး တည်ဆောက်ရန် ကုမ္ပဏီ၏ ဝယ်ယူ အားပေးသူများ၊ လက်တွဲ လုပ်ကိုင်သူများနှင့် အတူ လက်တွဲ ပူးပေါင်း၍ ဆောင်ရွက် သွားမည်ဟု ဆိုသည်။

Huawei ကုမ္ပဏီအား ၁၉၈၇ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ကုမ္ပဏီမှ တီထွင် ဖန်တီးထားသည့် ICT solution များ၊ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို နိုင်ငံပေါင်း ၁၇၀ ကျော်တွင် နေထိုင်လျှက် ရှိသော ကမ္ဘာ့လူဦးရေ၏ သုံးပုံ တစ်ပုံက အသုံးပြုနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင်လည်း ဟွာဝေး (Huawei) အမှတ်တံဆိပ် အမျိုးအစား မိုဘိုင်းလ် ဖုန်းများကို ကျယ်ပြန့်စွာ အသုံးပြုနေလျှက် ရှိနေသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117