Connect with us

Europe

နိုင်ငံခြားသင်္ဘော မီးလောင်မှုဖြစ်ပွားပြီးနောက် အဓိကသဘာဝဘေးအန္တရာယ် ဖြစ်လာနိုင်ဖွယ်ရှိကြောင်း သီရိလင်္ကာ တာဝန်ရှိသူပြော

သီရိလင်္ကာနိုင်ငံ Negombo မြို့၊ Pamunugama ရှိ ကမ်းခြေတစ်ခုတွင် X-Press Pearl သင်္ဘောမှ အပျက်အစီးများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖယ်ရှားနေကြစဉ် (ဆင်ဟွာ)

ကိုလံဘို၊ မေ ၂၉ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်းအနီး X Press Pearl သင်္ဘောမီးလောင်မှုဖြစ်ပွားပြီးနောက် အဓိက သဘာဝဘေးအန္တရာယ် ဖြစ်ပွားနိုင်ဖွယ်ရှိကြောင်းနှင့် သက်ရောက်မှုအား အကဲဖြတ်လျက်ရှိကြောင်း ပင်လယ်ရေကြောင်း သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအာဏာပိုင်အဖွဲ့ (MEPA) က မေ ၂၈ ရက်၌ ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ Negombo မြို့၊ Pamunugama ရှိ ကမ်းခြေတစ်ခုတွင် X-Press Pearl သင်္ဘောမှ အပျက်အစီးများအား မြေကြီးကော်စက်ဖြင့် ဖယ်ရှားနေစဉ် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ Negombo မြို့၊ Pamunugama ရှိ ကမ်းခြေတစ်ခုတွင် X-Press Pearl သင်္ဘောမှ အပျက်အစီးများအား မြေကြီးကော်စက်ဖြင့် ဖယ်ရှားနေစဉ် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ Negombo မြို့၊ Pamunugama ရှိ ကမ်းခြေတစ်ခုတွင် X-Press Pearl သင်္ဘောမှ အပျက်အစီးများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖယ်ရှားနေကြစဉ် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ Negombo မြို့၊ Pamunugama ရှိ ကမ်းခြေတစ်ခုတွင် X-Press Pearl သင်္ဘောမှ အပျက်အစီးများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖယ်ရှားနေကြစဉ် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ Negombo မြို့၊ Pamunugama ရှိ ကမ်းခြေတစ်ခုတွင် X-Press Pearl သင်္ဘောမှ အပျက်အစီးများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖယ်ရှားနေကြစဉ် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ Negombo မြို့၊ Pamunugama ရှိ ကမ်းခြေတစ်ခုတွင် X-Press Pearl သင်္ဘောမှ အပျက်အစီးများအား မြေကြီးကော်စက်ဖြင့် ဖယ်ရှားနေစဉ် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ Negombo မြို့၊ Pamunugama ရှိ ကမ်းခြေတစ်ခုတွင် X-Press Pearl သင်္ဘောမှ အပျက်အစီးများအား မြေကြီးကော်စက်များဖြင့် ဖယ်ရှားနေစဉ် (ဆင်ဟွာ)

သီရိလင်္ကာ ရေတပ်မှ အဖွဲ့များစွာက မီးလောင်မှုအား ငြှိမ်းသတ်ရန် ကြိုးပမ်းလျက်ရှိသလို သင်္ဘောမှ အပျက်အစီး အများစုမှာ ကမ်းခြေဆီသို့ မျောပါသွားခဲ့ကြောင်း MEPA အထွေထွေမန်နေဂျာ Terney Pradeep Kumara က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အဆိုပါ အပျက်အစီးများသည် ကမ်းရိုးတန်းတစ်လျှောက် တောင်ဘက်မှ အနောက်ဘက်သို့ မျောပါရောက်ရှိသွားကြောင်း၊ အပျက်အစီးများ ရှင်းလင်းရေးလုပ်ငန်းအတွက် အရာရှိ ၁,၀၀၀ ကျော်ကို ဖြန့်ကြက်တာဝန်ပေးထားကြောင်းနှင့် လာမည့်ရက်များအတွင်း နောက်ထပ် အရာရှိများလည်း သန့်ရှင်းရေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ထို့ပြင် ၎င်းအပျက်အစီးများတွင် အန္တရာယ်ရှိပစ္စည်းများ ပါဝင်နိုင်သဖြင့် မည်သည့်အပျက်အစီးကိုမျှ ထိတွေ့ကိုင်တွယ်ခြင်းမပြုရန် အများပြည်သူများအား လေးလေးနက်နက် အသိပေးထားကြောင်း ၎င်းက ဆိုသည်။

သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အကဲဖြတ်ရန်နှင့် ဆီယိုဖိတ်မှုဖြစ်နိုင်ခြေကို လေ့လာရန် ကျွမ်းကျင်ပညာရှင်ကော်မတီ တစ်ရပ် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း Kumara က ဖြည့်စွက်ပြောခဲ့သည်။

X Press Pearl သင်္ဘောမှ ဖြစ်ပေါ်လာသော ညစ်ညမ်းမှု၏ ရလဒ်အဖြစ် ပင်လယ်ရေနေသက်ရှိအရာများ အမြောက်အမြား သေဆုံးခဲ့ကြောင်း မြို့ပြဖွံ့ဖြိုးမှု၊ ကမ်းရိုးတန်း ထိန်းသိမ်းစောင့်ရှောက်ရေး၊ စွန့်ပစ်ပစ္စည်းရှင်လင်းခြင်းနှင့် အများပြည်သူ ကျန်းမာသန့်ရှင်းရေးစနစ်ဆိုင်ရာ ပြည်နယ်ဝန်ကြီး Nalaka Godahewa က မီဒီယာအား မေ ၂၈ ရက်က ပြောခဲ့သည်။

ငါးများ၊ လိပ်များနှင့် အခြားသော ပင်လယ်ရေနေ သက်ရှိအရာများ သေဆုံးခဲ့သလို လာမည့်ရက်အနည်းငယ်အတွင်း ယင်းကဲ့သို့ သက်ရှိအရာများ ထပ်မံသေဆုံးနိုင်ဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။

မေ ၂၀ ရက်က ကိုလံဘိုဆိပ်ကမ်းအနီး မီးလောင်ကျွမ်းခဲ့သော ၎င်းသင်္ဘောအား ဆက်လက်မီးငြှိမ်းသတ်နေဆဲဖြစ်ကြောင်း သီရိလင်္ကာရေတပ်က မေ ၂၈ ရက်က ပြောကြားခဲ့သည်။

သင်္ဘောသည် ထိုနေရာ၌ နစ်မြုပ်သွားနိုင်သည့် အန္တရာယ်ရှိနေကြောင်း၊ ယင်းအခြေအနေကို ကာကွယ်ရန် ကြိုးပမ်းအားထုတ်မှုများအားလုံး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆီယိုဖိတ်မှုလက္ခဏာ မရှိသေးကြောင်း ရေတပ်က ပြောခဲ့သည်။

စင်ကာပူအလံဖြင့် မှတ်ပုံတင်ထားသော X Press Pearl သင်္ဘောသည် nitric acid ၂၅ တန်နှင့် အခြားသော ဓာတုပစ္စည်းများနှင့် အလှကုန်ပစ္စည်းများစွာပါဝင်သော ကွန်တိန်နာ ၁,၄၈၆ လုံး တင်ဆောင်လျက် အိန္ဒိယနိုင်ငံ Hazira ဆိပ်ကမ်းမှ မေ ၁၅ ရက်တွင် ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သင်္ဘောသည် မေ ၂၀ ရက်က ကိုလံဘိုဆိပ်ကမ်းအနီးတွင် ဘေးအန္တရာယ်ကြုံတွေ့ကြောင်း ဖုန်းခေါ်ဆို အကြောင်းကြားခဲ့ပြီး မကြာမီ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ (Xinhua)

————————————
(English Version)
Major environmental disaster expected after fire on foreign vessel: Sri Lankan official
Source: Xinhua| 2021-05-28 22:24:34|Editor: huaxia
COLOMBO, May 28 (Xinhua) — Sri Lanka’s Marine Environment Protection Authority (MEPA) on Friday said that a major environmental disaster was expected following the burning of the X Press Pearl vessel near the Colombo Port and the impact was being assessed.
General Manager of MEPA Terney Pradeep Kumara told Xinhua that several teams from the Sri Lankan navy were on site attempting to douse the flames and most of the debris from the vessel have been washed ashore.
He said debris have been washed ashore along the coastal line from the south to the west and over 1,000 officers were deployed to conduct a clean-up operation, adding that more officials would join in the clean-up efforts in the coming days.
The public have been strongly advised not to touch any of the debris as it could contain hazardous material, he said.
Kumara added that an expert committee has been set up to assess the environmental damage and study a possible oil spill.
State Minister of Urban Development, Coast Conservation, Waste Disposal, and Public Sanitation Nalaka Godahewa told the media on Friday that a large amount of marine life have been killed as a result of the pollution from the X Press Pearl ship.
He said that fish, turtles, and other marine life have been killed and more such loss of life was expected over the next few days.
The Sri Lankan navy on Friday said it was continuing its fire fighting efforts to douse the flames on board the ship which caught fire near the Colombo Port on May 20.
The navy further said there was a threat of the ship sinking on location and all efforts were underway to prevent this. There was no sign of an oil spill yet, the navy said.
The X Press Pearl, registered under the flag of Singapore and carrying 1,486 containers with 25 tons of nitric acid and several other chemicals and cosmetics, departed from the port of Hazira, India on May 15.
The vessel sent out a distress call while being close to the Colombo Port on May 20, and soon caught fire. Enditem
1- Sri Lankan security personnel remove debris from the X-Press Pearl ship, on a beach at Pamunugama in Negombo, Sri Lanka, on May 28, 2021. Sri Lanka’s Marine Environment Protection Authority (MEPA) on Friday said that a major environmental disaster was expected following the burning of the X-Press Pearl ship near the Colombo Port and the impact was being assessed. (Photo by Ajith Perera/Xinhua)
2- An earthmover removes debris from the X-Press Pearl ship, on a beach at Pamunugama in Negombo, Sri Lanka, on May 28, 2021. Sri Lanka’s Marine Environment Protection Authority (MEPA) on Friday said that a major environmental disaster was expected following the burning of the X-Press Pearl ship near the Colombo Port and the impact was being assessed. (Photo by Ajith Perera/Xinhua)
3- An earthmover removes debris from the X-Press Pearl ship, on a beach at Pamunugama in Negombo, Sri Lanka, on May 28, 2021. Sri Lanka’s Marine Environment Protection Authority (MEPA) on Friday said that a major environmental disaster was expected following the burning of the X-Press Pearl ship near the Colombo Port and the impact was being assessed. (Photo by Ajith Perera/Xinhua)
4-5-6- Sri Lankan security personnel remove debris from the X-Press Pearl ship, on a beach at Pamunugama in Negombo, Sri Lanka, on May 28, 2021. Sri Lanka’s Marine Environment Protection Authority (MEPA) on Friday said that a major environmental disaster was expected following the burning of the X-Press Pearl ship near the Colombo Port and the impact was being assessed. (Photo by Ajith Perera/Xinhua)
7- An earthmover removes debris from the X-Press Pearl ship, on a beach at Pamunugama in Negombo, Sri Lanka, on May 28, 2021. Sri Lanka’s Marine Environment Protection Authority (MEPA) on Friday said that a major environmental disaster was expected following the burning of the X-Press Pearl ship near the Colombo Port and the impact was being assessed. (Photo by Ajith Perera/Xinhua)
8- Earthmovers remove debris from the X-Press Pearl ship, on a beach at Pamunugama in Negombo, Sri Lanka, on May 28, 2021. Sri Lanka’s Marine Environment Protection Authority (MEPA) on Friday said that a major environmental disaster was expected following the burning of the X-Press Pearl ship near the Colombo Port and the impact was being assessed. (Photo by Ajith Perera/Xinhua)