Connect with us

Environment, Disasters & Accidents

ရန်ကုန်လေဆိပ်၌ တွေ့ရှိသော M-150အချိုရည်ပုလင်းအတွင်း အရည်များသည် ပေါက်ကွဲစေသော ဓာတုပစ္စည်းများမဟုတ်ဘဲ ဒဏ်ကြေလိမ်းဆေးအဆီများဖြစ်ဟု အစိုးရထုတ်ပြန်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မင်္သကာဖွယ်ရာM-150အချိုရည်ပုလင်းများအား တွေ့ရစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 လေယာဉ် လက်မှတ် အရောင်းကောင်တာဘေးရှိ ခုံပေါ်၌ ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲတွင် တွေ့ရှိသော M-150အချိုရည်ပုလင်းအတွင်း အရည်များသည် ပေါက်ကွဲစေသော ဓာတုပစ္စည်းများမဟုတ်ဘဲ ဒဏ်ကြေလိမ်းဆေးအဆီများဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ရုံးသတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သည်။

ကြွပ်ကြွပ်အိတ်ထဲ၌ အဝါရောင် အရည်ပျစ်များ ထည့်ထားသည့် M-150 အချိုရည် ၄ ပုလင်းအား လုံခြုံစိတ်ချရသည့်နေရာသို့ ရွှေ့ပြောင်း၍ စစ်ဆေးခဲ့ရာ အတွင်း၌ ပေါက်ကွဲစေတတ်သော ဓါတုပစ္စည်းပါရှိခြင်း မရှိဘဲ အတွင်း၌ပါရှိသော အရည်မှာ ဖယောင်းနှင့် အဆီတို့ရောစပ်ထားသော ဒဏ်ကြေလိမ်းဆေး အဆီများဖြစ်ကြောင်း ပဏာမ စစ်ဆေးချက်အရ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အချိုရည်ပုလင်း (၄) လုံးအား ဓါတုဗေဒဝန်ရုံးသို့ ပေးပို့၍ အသေးစိတ် ဆက်လက် စစ်ဆေးလျက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ရုံးသတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်လိုက်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117