Connect with us

Myanmar

NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ အဖွဲ့ဝင် ၁၁၄ ဦး၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများ ပိတ်သိမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း(၆)နှစ်မြောက် နှစ်ပတ်လည်နေ့အတွက် သဝဏ်လွှာဖတ်ကြားနေစဉ်(ဓာတ်ပုံ-MRTV)

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း(၆)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ယနေ့(အောက်တိုဘာ ၁၅ ရက်)တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ အဖွဲ့ဝင် ၁၁၄ ဦး၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများ ပိတ်သိမ်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်း ထုတ်ပြန်ချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း(၆)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းရေးကို ရှေးရှုကာ နိုင်ငံတော်အတွင်း တရားရုံးအသီးသီးတွင် တရားစွဲဆိုထားဆဲဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များနှင့် ဆက်စပ်ပါဝင်သူ ၁၁၄ဦးအား အမှုပိတ်သိမ်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၁၉)အရ ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားသည်။

AA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှ ၆၁ဦး၊ KIA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ၂၃ ဦး၊ KNU/KNLA(PC)တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ၁ ဦး၊ MNDAA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ၁ ဦး၊RCSS/SSA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ၁၂ဦး၊ SSPP/SSA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ၅ဦးနှင့် TNLA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ၁၁ဦး စုစုပေါင်း ၁၁၄ဦးအပေါ် စွဲဆိုထားသော ပြစ်မှုဆိုင်ရာများအားလုံးကို ပိတ်သိမ်း၍ တရားခံများကို အမှုမှလွှတ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117