Connect with us

Politics, Law & Military

ဒီမိုကရက်တစ်ပါတီ (မြန်မာ) အနေဖြင့့် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၇၀ ကျော် ဝင်ရောက် အရွေးခံရန် လျာထားဟုဆို

ဒီမိုကရက်တစ် ပါတီ (မြန်မာ) မှ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုမှ ဆင်ဟွာအင်တာဗျူးဖြေကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

ဒီမိုကရက်တစ် ပါတီ (မြန်မာ) အနေဖြင့့် ယခုနှစ်တွင် ကျင်းပမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီး တွင် တိုင်းဒေသကြီး ငါးခုတွင် ကိုယ်စားလှယ်လောင်း အယောက် ၇၀ မှ ဝင်ရောက် အရွေးခံရန် လျာထားကြောင်း ဒီမိုကရက်တစ် ပါတီ (မြန်မာ) မှ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက ဆင်ဟွာကို ယနေ့ ပြောသည်။

ပါတ ီဥက္ကဌ ဦးသုဝေသည် စမ်းချောင်း မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး၊ ဒေါ်သန်းသန်းနုသည် ကျောက်တံတား မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ဝင်ရောက် အရွေးခံမည် ဟု သိရသည်။

ဒေါ်သန်းသန်းနုက “ ကျွန်မတို့ပါတီက ဒီတခေါက် ကိုယ်စားလှယ်လောင်း စာရင်းမှာ အမျိုးသမီးအရေ အတွက်က များပါတယ်။ ကျွန်မအနေနဲ့ ရွေးကောက်ပွဲ ဝင်ဖြစ်ရတဲ့ အကြောင်းအရင်းက ပြည်သူ့အတွက် လုပ်စရာ ရှိတာ လုပ်ချင်လို့ ၊ ကိုယ်လုပ်နိုင်တာကို အစွမ်းကုန် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ပြိုင်တာပါ’’ ဟု ပြောသည်။

ဒီမိုကရက်တစ် ပါတီ (မြန်မာ) အနေဖြင့့် ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးတို့တွင် ဝင်ရောက် အရွေးခံမည် ဟ ုဆိုသည်။

ဒီမိုကရက်တစ် ပါတီ (မြန်မာ) သည် ၂၀၀၉ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ ၂၀၁၀ ရွေးကောက်ပွဲတွင် ၄၈ နေရာမှ ဝင်ရောက် အရွေးခံခဲ့ပြီး ၃နေရာ အနိုင်ရရှိခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117