Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဒုတိယ သက်တမ်း အတွက် သမ္မတ တာဝန် ဆက်ထမ်းဆောင်ရန် ဆန္ဒရှိ

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရန်ကုန်တောင်ပိုင်းခရိုင် မှော်ဝန်းတံတား ဖွင့်ပွဲ၌ မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် လာမည့် ဒုတိယ သက်တမ်းအတွက် သမ္မတ တာဝန် ဆက်လက် ထမ်းဆောင်ရန် ဆန္ဒရှိကြောင်း နိုင်ငံတော် သမ္မတရုံးထံမှ စုံစမ်းသိရှိရသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ပြီး ငြိမ်းငြိမ်း ချမ်းချမ်းနှင့် အောင်မြင်စွာ ဖြစ်မြောက်နိုင်ရေးကို သမ္မတ တာဝန် ထမ်းဆောင်ခြင်းထက် ပိုမို ဖြစ်စေချင်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဆန္ဒရှိနေကြောင်း သမ္မတနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် နေပြည်တော် ဇဗ္ဗူသီရိ မဲဆန္ဒနယ် နေရာအတွက် လျာထားသူ မရှိသေးကြောင်း အဆိုပါ ပါတီ အထွေထွေ အတွင်းရေးမှူး ရန်ကုန်တိုင်း တာဝန်ခံ ဦးမောင်မောင်သိမ်းက ဆိုသည်။

“သမ္မတကြီးအနေနဲ့ စဉ်းစားရင် စဉ်းစားလို့ရအောင် အဲဒီနေရာကို ဘယ်သူ့မှ လျာထားတာ မရှိဘူး”ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ သမ္မတ ဦးသိန်းစိန် ဝင်ရောက်ယှဉ်ပြိုင် မပြိုင်ကို ကိုယ်စားလှယ်လောင်း စာရင်း စတင် တင်သွင်းနိုင်သည့် အချိန်မှ ကိုယ်စားလှယ်လောင်း စာရင်း ပိတ်ချိန် သြဂုတ်လ ၈ ရက်နေ့အတွင်း ပြည်သူများ သိရမည်ဖြစ်ကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ပြောကြားထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော် သမ္မတ ရွေးကောက်ပွဲဝင်ခြင်း မဝင်ခြင်းသည် သမ္မတအဖြစ် တာဝန်ဆက်လက် ထမ်းဆောင်ခြင်းနှင့် အကျိုးသက်ရောက်မှု မရှိကြောင်း၊ အမျိုးသားလွှတ်တော် ၊ ပြည်သူ့လွှတ်တော်နှင့် တပ်မတော်သား ကိုယ်စားလှယ်လောင်းများက လွှတ်တော် အတွင်းမှ ဖြစ်စေ လွှတ်တော်ပြင်ပမှ ဖြစ်စေ တစ်ဦးဦးကို သမ္မတ နာမည်စာရင်း အဆိုပြုလျှင်လည်း သမ္မတ တာဝန်ထမ်းဆောင် နိုင်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117