Connect with us

Politics

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၊ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့မှ မြန်မာနိုင်ငံ၏ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၊ တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့မှ မြန်မာနိုင်ငံ၏ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ထံမှ သိရှိခဲ့ရသည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံ၏ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ ခဲ့ပြီး သဝဏ်လွှာတွင် ပြီးခဲ့သောနှစ်က မြန်မာ့နိုင်ငံရေးအခြေအနေတည်ငြိမ်ပြီး စီးပွားရေးဆက်တိုက်ဖွံ့ဖြိုး တိုးတက်ကာ ပြည်သူလူထုဘဝ စဉ်ဆက်မပြတ်ကောင်းမွန်လာခဲ့ကြောင်း ၊ ပြည်ပနှင့်ကူးလူးဆက်ဆံရေး တစ်နေ့ထက် တစ်နေ့တိုးတက်များပြားလာပြီး နိုင်ငံတကာတွင်ရပ်တည်ချက်လည်း ပိုမိုမြင့်တက်လာသည်ကို တွေ့မြင်ရသည့် အတွက် ကျွနု်ပ်အလွန်ဝမ်းမြောက်မိကြောင်း ၊ အဆွေတော် သမ္မတကြီးနှင့်တကွ မြန်မာနိုင်ငံအစိုးရခေါင်းဆောင် များ၏ ဦးဆောင်မှုအောက်တွင် မြန်မာပြည်သူလူထုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်အတွင်း ပိုမို ကောင်းမွန်သောရလဒ်သစ်များ ဆွတ်ခူးနိုင် မည်ဟု ကျွနု်ပ်ယုံကြည်ကြောင်း ၊ တရုတ်-မြန်မာရှေးရိုးစဉ်ဆက် “ဆွေမျိုးပေါက်ဖော်”ချစ်ကြည်ရေးသည် နက်ရှိုင်းလျက်ရှိပြီး လက်ရှိ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအလားအလာသည် ကောင်းမွန်ကြောင်း ၊ ကျွနု်ပ်သည် တရုတ်-မြန်မာ ဆက်ဆံရေးအား များစွာအလေးထားပြီး အဆွေတော်နှင့်အတူတကွကြိုးပမ်းကာ နှစ်နိုင်ငံ ဘက်စုံမဟာ ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေး ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေး၍ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူလူထုအား ပိုမိုအကျိုးပြုနိုင်ရန် ဆန္ဒရှိကြောင်း ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် စည်ပင်သာယာဝပြောပြီး ပြည်သူလူထုသာယာချမ်းမြေ့ပါစေ နှင့် အဆွေတော် သမ္မတကြီး ကျန်းမာချမ်းသာပြီး အစစအရာရာ အဆင်ပြေချောမွေ့ပါစေဟု ဆုမွန်ကောင်း တောင်းကြောင်း စသည်တို့ပါဝင် ခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခဲ့ချန် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဝမ်ရိ အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခဲ့ချန် မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ မြန်မာနိုင်ငံ၏ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ ခဲ့ပြီး သဝဏ်လွှာတွင် ပြီးခဲ့သောနှစ်တွင် မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ခြင်း ၊ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၊ ပြည်သူ့လူနေမှုဘဝ မြှင့်တင်ရေး အစရှိသည့် ကဏ္ဍများတွင် ရလဒ်သစ်များရရှိခဲ့ပါကြောင်း ၊ အဆွေတော် ယမန်နှစ်သြဂုတ်လတွင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် လာရောက်စဉ်အတွင်း ကျွနု်ပ်တို့သည် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်မှုနှင့်ပတ်သက်၍ အရေးကြီးသော သဘောတူညီချက်တစ်ခုရရှိခဲ့ပြီး တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို အင်တိုက်အားတိုက် မြှင့်တင်ခဲ့ပါကြောင်း ၊ ကျွန်ုပ်သည် တရုတ်-မြန်မာ ဆက်ဆံရေး စဉ်ဆက်မပြတ် မြှင့်တင်ရေးကို အဆွေတော်နှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စည်ပင်သာယာဝပြောပြီး ပြည်သူလူထု သာယာ ချမ်းမြေ့ပါစေ နှင့် အဆွေတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာချမ်းသာပြီး လုပ်ငန်းအဆင်ပြေပါစေဟု ဆုမွန်ကောင်းတောင်းကြောင်း စသည် တို့ပါဝင် ခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဝမ်ရိ မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ထံ မြန်မာနိုင်ငံ၏ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ ခဲ့ပြီး သဝဏ်လွှာတွင် ပြီးခဲ့သောနှစ်တွင် မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ခြင်း ၊ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၊ ပြည်သူလူနေမှုဘဝ မြှင့်တင်ရေး အစရှိသည့် ကဏ္ဍများတွင် ရလဒ်သစ်များရရှိခဲ့ပါကြောင်း ၊ အဆွေတော် ယမန်နှစ်သြဂုတ်လတွင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် လာရောက်စဉ်အတွင်း ကျွနု်ပ်တို့သည် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်မှုနှင့်ပတ်သက်၍ အရေးကြီးသော သဘောတူညီချက်တစ်ခုရရှိခဲ့ပြီး တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို အင်တိုက်အားတိုက် မြှင့်တင်ခဲ့ပါကြောင်း ၊ ကျွန်ုပ်သည် တရုတ်-မြန်မာ ဆက်ဆံရေး စဉ်ဆက်မပြတ် မြှင့်တင်ရေးကို အဆွေတော်နှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စည်ပင်သာယာဝပြောပြီး ပြည်သူလူထု သာယာ ချမ်းမြေ့ပါစေ ၊ အဆွေတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာချမ်းသာပြီး လုပ်ငန်းအဆင်ပြေပါစေဟု ဆုမွန်ကောင်းတောင်းကြောင်း စသည် တို့ပါဝင် ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117