Connect with us

Politics

တရုတ်နိုင်ငံသည် ရေဘေးသင့် ဒေသများသို့ ကူညီရန် အဆင်သင့် ဖြစ်နေဟုဆို

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ကလေးမြို့ ရေဘေးသင့်ဒေသတွင် သတင်းမီဒီယာများအား ရှင်းလင်းဖြေကြားနေစဉ် (ဆင်ဟွာ)

ကလေး၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ကယ်ဆယ်ရေး အဖွဲ့များနှင့် လူမှုရေး အဖွဲ့အစည်းများသည် ကလေးမြို့ အပါအဝင် မြန်မာ တစ်နိုင်ငံလုံးရှိ ရေဘေးသင့် ဒေသများသို့ မြန်မာနိုင်ငံ၏ လိုအပ်ချက်များ အတိုင်း ကူညီပေးရန် အဆင်သင့် ဖြစ်နေကြောင်း ယနေ့ ကလေးမြို့ လေဆိပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြောကြားသည်။

အဆိုပါ ရေဘေးသင့် ဒေသများတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ၊ သွားလာရေး လွယ်ကူစေရန် စက်လှေများဖြင့် ကူညီပေးသွားမည်ဖြစ်ပြီး ရေဘေးသင့် ဒေသများ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ပြုလုပ်ရာ၌လည်း စာသင်ကျောင်း၊ အခြေခံ အဆောက်အဦးများ အတွက် အကူအညီပေးမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများ အတွက်လည်း မျိုးစပါးများကို ကူညီပေးမည် ဖြစ်ကြောင်း သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ဆိုသည်။

တရုတ်သံရုံးမှ လှူဒါန်းထားသော အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းများအား လက်ခံရရှိသော ကလေးမြို့ ရေဘေးဒဏ်သင့် ပြည်သူများ (ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်သည် သံရုံး ဝန်ထမ်းများ နှင့် အတူ ယနေ့တွင် မြန်မာ နိုင်ငံရှိ ရေဘေး ကြုံတွေ့နေသည့် စစ်ကိုင်းတိုင်း ဒေသကြီး ကလေး မြို့သို့ သွားရောက်၍ လူသားချင်း စာနာမှု ထောက်ပံ့ရေး ပစ္စည်းများကို ရေဘေးသင့် ပြည်သူများထံ ကိုယ်တိုင် သွားရောက် လှူဒါန်း ခဲ့သည်။

သံအမတ်ကြီး ဟုန်လျန်သည် စစ်ကိုင်းတိုင်း ကလေးမြို့ရှိ အိမ်ထောင်စု ပေါင်း ၁,၅၄၅ ထံ သွားရောက် လှူဒါန်းခဲ့ပြီး သြဂုတ်လ ၄ ရက်နေ့တွင်လည်း ရခိုင်ပြည်နယ် အတွင်းရှိ ရေဘေးသင့် ဒုက္ခသည် အိမ်ထောင်စုပေါင်း ၂ သောင်းထံ သွားရောက် လှူဒါန်းမည် ဖြစ်သည်။

စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ အတွက် တရုတ် သံရုံးမှ စုစုပေါင်း ကျပ် သိန်း ၃,၇၀၀ တန်ဖိုးရှိ လူသားချင်း စာနာ ထောက်ထားမှု ကူညီ ထောက်ပံ့ရေး ပစ္စည်းများကို လှူဒါန်းမည် ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117