Connect with us

Politics

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တွေ့ဆုံ

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိနှင့် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့ ၂၀၁၃ ခုနှစ် တရုတ် နိုင်ငံသို့ သွားရောက်ခဲ့စဉ်အတွင်း တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ကွာလာလမ်ပူူ ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ သည် သြဂုတ်လ ၆ ရက်နေ့တွင် မလေးရှား နိုင်ငံ၌ အရှေ့အာရှ ပူးပေါင်းရေး ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်နေစဉ် အတွင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦး ဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံခဲ့သည်။

ဝမ်ရိ မှ ယခု လက်တလောတွင် မြန်မာ နိုင်ငံ၌ အကြီးစား ရေဘေး ဒုက္ခ ကြုံတွေ့နေရကြောင်းကို သိရှိရ သဖြင့် တရုတ် နိုင်ငံ အနေဖြင့် ထပ်တူထပ်မျှ ပူပင်မိကြောင်း နှင့် မြန်မာ နိုင်ငံ ထံသို့လည်း အရေးပေါ် ထောက်ပံ့ရေး ပစ္စည်းများ ပေးပို့ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ ဒုက္ခ တွေ့ကြုံချိန် တိုင်းတွင် တရုတ် နိုင်ငံ အနေဖြင့် ယခင်ကဲ့သို့ပင် မြန်မာ နိုင်ငံနှင့် အတူတကွ ရပ်တည်ပြီး ကူညီသွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံသည် မြန်မာ နိုင်ငံ၏ အယုံကြည်ရဆုံး နှင့် အားထားရဆုံး ရေရှည် မိတ်ဆွေ ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ နှင့် အနီးကပ် ဆက်သွယ်မှု များပြုလုပ်ပြီး နှစ်နိုင်ငံ အကြီးစား စီမံကိန်းများ ပုံမှန် လည်ပတ် တည်ဆောက် နိုင်ရန် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု များကို တက်ကြွစွာ ပါဝင် လုပ်ဆောင်ပေးပြီး မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်း အတွက် ကြိုးပမ်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဦးဝဏ္ဏမောင်လွင် မှ မြန်မာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံမှ မြန်မာ နိုင်ငံ ရေဘေးဒုက္ခ အတွက် အချိန်မီ ကြီးမားသည့် ထောက်ပံ့မှု များ အချိန်မီ ထောက်ပံ့ ပေးသည့် အတွက် ကျေးဇူး တင်ရှိကြောင်း ၊ ဒုက္ခရောက်ချိန်တွင် တရုတ် နိုင်ငံ၏ ကူညီမှု များကို တန်ဖိုးထား ရကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံသည် နက်ရှိုင်းသည့် ပေါက်ဖော်ချစ်ကြည်ရေး တည်ရှိသည့် ဘက်စုံမဟာဗျူဟာ မိတ်ဆွေ အိမ်နီးချင်း နိုင်ငံ ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ထိပ်သီး ခေါင်းဆောင်များ နှင့် လွှတ်တော် ၊ ပါတီ ကြားတွင်လည်း အနီးကပ် ဆက်ဆံရေး များတည်ရှိကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့်အတူတကွ ကြိုးပမ်း၍ မြန်မာ-တရုတ် အကြီးစား ပူးပေါင်းမှု စီမံကိန်း များ အဆင်ပြေစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံမှ မြန်မာ နိုင်ငံ မြောက်ပိုင်း အရေးကိစ္စ ငြိမ်းချမ်းရေး ဆွေးနွေးမှု များတွင် အရေးကြီးသည့် အခန်းကဏ္ဍ တွင် ပါဝင် လုပ်ဆောင်ခဲ့သည့် အတွက် ချီးမွမ်းကြောင်း ပြောကြားခဲ့သည်။ (Xinhua)