Connect with us

Videos

၂၀၁၇ ခုနှစ်အတွက် လည်ပတ်ချင်စရာ အကောင်းဆုံး နိုင်ငံ၂၀ စာရင်းမှာ အီဂျစ် နိုင်ငံပါဝင်

အီဂျစ်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

ပြည်တွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေကို နှစ်အတန်ကြာ ကြုံတွေ့ခဲ့ရသော အီဂျစ်နိုင်ငံသည် ယခုအခါ ကမ္ဘာလှည့်ခရီးသွားများကို ပြန်လည် လက်ခံကြိုဆိုနိုင်သည့် အခြေအနေ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ကမ္ဘာ့ စီးပွားရေးဆိုင်ရာ ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်သော ဘလွန်ဘာ့ဂ် (Bloomberg) ၏ ၂၀၁၇ ခုနှစ် အတွက် လည်ပတ်ချင်စရာ အကောင်းဆုံး နိုင်ငံ၂၀ စာရင်းမှာ ထည့်သွင်း ဖော်ပြခြင်းခံခဲ့ရသည်။အီဂျစ်နိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုရေး မတည်ငြိမ်မှု ဖြတ်သန်းခဲ့ရသည့် အခြေအနေတွေက ကမ္ဘာလှည့် ခရီးသွားများကို ပိုမို စိတ်ဝင်စားဖွယ် အတွေ့အကြုံတွေ ရရှိခံစားရစေနိုင်သည်ဟု ယင်းဝက်ဘ်ဆိုဒ်က ညွှန်းဆိုခဲ့သည်။

အီဂျစ်နိုင်ငံ၏ လည်ပတ်စရာ အကောင်းဆုံးနေရာမှာ ဂီဇာ(Giza) ပိရမစ် ဖြစ်ပြီး သွားရောက်လည်ပတ်ရန် အကောင်းဆုံးလမှာ မတ်လ ဖြစ်သည်ဟု သိရသည်။ဘလွန်ဘာ့ဂ်၏ လည်ပတ်ချင်စရာ အကောင်းဆုံး နိုင်ငံ၂၀ စာရင်းမှာ မြန်မာ၊ ဖင်လန်၊ ပေါ်တူဂီ၊ မော်လ်တာ၊ ပီရူး၊ ကိုလံဘီယာ နဲ့ ရဝမ်ဒါနိုင်ငံများလည်း ပါဝင်ကြောင်း သိရပါတယ်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.