Connect with us

News

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့်ဖော်ဆောင်သည့် စီမံကိန်းသင်တန်း ဖွင့်လှစ်

မဲခေါင်ဒေသဆန်းသစ်တီထွင်သောဝါးထုတ်ကုန်ပစ္စည်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အွန်လိုင်းလေ့ကျင့်မှု” စီမံကိန်းသင်တန်းဖွင့်လှစ်သည့်အခမ်းအနားအား ရန်ကုန်မြို့၌ ဇန်နဝါရီ ၂၄ ရက်တွင် ကျင်းပစဉ်(ဓာတ်ပုံ - Chinese Embassy in Myanmar )

ရန်ကုန် ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ)
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့်ဖော်ဆောင်သည့် “မဲခေါင်ဒေသဆန်းသစ်တီထွင်သောဝါးထုတ်ကုန်ပစ္စည်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အွန်လိုင်းလေ့ကျင့်မှု” စီမံကိန်းသင်တန်းဖွင့်လှစ်သည့်အခမ်းအနားကို ရန်ကုန်မြို့၌ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ယနေ့ ဇန်နဝါရီ ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး ယခုအကြိမ်လေ့ကျင့်မှုသင်တန်းသည် ၅ ရက်တာသင်တန်းဖြစ်ကာ မြန်မာ၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားမှ သင်တန်းသား/သူပေါင်း ၃၈ ဦးတက်ရောက်ကြကြောင်း သိရသည်။

မဲခေါင်ဒေသဆန်းသစ်တီထွင်သောဝါးထုတ်ကုန်ပစ္စည်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အွန်လိုင်းလေ့ကျင့်မှု” စီမံကိန်းသင်တန်းဖွင့်လှစ်သည့်အခမ်းအနားအား ရန်ကုန်မြို့၌ ဇန်နဝါရီ ၂၄ ရက်တွင် ကျင်းပစဉ်(ဓာတ်ပုံ – Chinese Embassy in Myanmar )

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး သံမှူးကြီး Ms. Li Xiaoyan က ယခုအကြိမ်လေ့ကျင့်မှုသည် ၂၀၁၉ ခုနှစ်တွင် “လန်ချန်း-မဲခေါင်နိုင်ငံများ ဝါးအသုံးပြုမှု၊ စျေးကွက်အလားအလာနှင့် ဝါးလုပ်ငန်းဆိုင်ရာဆွေးနွေးပွဲ” ကျင်းပပြီးနောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် မြန်မာနိုင်ငံကဖော်ဆောင်သည့် ဝါးအသုံးပြုမှုဆိုင်ရာစီမံကိန်းနောက်တစ်ခုဖြစ်ကာ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုယန္တရား၏ ဒေသနှင့်ကိုက်ညီခြင်း၊ ပြည်သူလူနေမှုဘဝအကျိုးပြုခြင်းထူးခြားချက်များကို အပြည့်အဝထင်ဟပ်စေကြောင်း၊ စိမ်းလန်းစိုပြည်သောတောတောင်ရေမြေသည် ရွှေတောင်ငွေတောင်ဖြစ်သည်ဟု သမ္မတ Mr. Xi Jinping ကပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံက ဝါးအား မြေယာပြုပြင်ရေးအစီအစဉ်တွင် ထည့်သွင်းထားပြီးဖြစ်ကာ ဝါးစိုက်ပျိုးရေးနှင့်လုပ်ငန်းဥယျာဉ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
တရုတ်နိုင်ငံက မဲခေါင်မြစ်ဒေသနိုင်ငံအသီးသီးနှင့်အတူ ဝါးလုပ်ငန်းစဉ်ဆက်ပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံ၊ ခေတ်မီ၍လက်တွေ့အသုံးဝင်သည့် ဝါးအသုံးပြုမှုနည်းပညာနှင့် တရုတ်နိုင်ငံ၏ကြီးမားသော ဝါးထုတ်ကုန်စျေးကွက်ကို မျှဝေလိုပြီး လန်ချန်း-မဲခေါင်ဒေသ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ ပြည်သူလူနေမှုဘဝကောင်းမွန်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးတို့ကို အတူတကွမြှင့်တင်သွားလိုကြောင်း သံမှူးကြီး Ms. Li Xiaoyan က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းအတွက် တရုတ်နိုင်ငံကရင်းနှီးငွေထောက်ပံ့မှုကို ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံပထဝီတည်နေရာနှင့်ရာသီဥတုအခြေအနေသည် ဝါးပင်ပေါက်ရောက်ရန်သင့်တော်ပြီး ဝါးလုပ်ငန်းအလားအလာကောင်းမွန်ကြောင်း၊ သို့သော် High Value added ဝါးကုန်ပစ္စည်းများထုတ်လုပ်မှုအပိုင်းသည် အားနည်းချက်ဖြစ်နေသေးကြောင်း၊ ယခုအကြိမ်လေ့ကျင့်မှုကတစ်ဆင့် တရုတ်နိုင်ငံ၏ခေတ်မီသော ဝါးအချောကိုင်နည်းပညာနှင့် ဆန်းသစ်တီထွင်သောဝါးထုတ်ကုန်ပစ္စည်း ထုတ်လုပ်ရေးနည်းပညာကို သင်ယူနိုင်ပြီး မြန်မာနိုင်ငံ၏ လုပ်ငန်းခွင်ဝင်မှုနှင့် နိုင်ငံတော်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ကူညီတွန်းအားပေးနိုင်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က တက်ရောက်အမှာစကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာဝါးနှင့်ကြိမ်ကွန်ရက်အဖွဲ့ (INBAR) အကြီးအကဲ Ali Mchumo က အွန်လိုင်းမှာအမှာစကားပြောကြားခဲ့ကာ မြန်မာနိုင်ငံအခြေစိုက် မဲခေါင်မြစ်ဒေသနိုင်ငံမှ သံတမန်သို့မဟုတ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117